ပြည်သူ့အချစ်တော် ဇနီးမောင်နှံ နှစ်ယောက်ဖြစ်တဲ့ ခီမောင်နှံကို ပရိသတ်တွေ လွမ်းနေကြပြီမလား။ ခီမောင်နှံလို့ ချစ်စနိုနဲ့ခေါ်ကြတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီဟာ တကယ်အတွဲညီတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦး အတူတူဖန်တီးထားတဲ့ အနုပညာဖန်တီးမှုတွေကလဲ အင်မတန်ကို သေသပ်လှပြီးမြန်မာ့ရုပ်ရှင်လောကကို တစ်မျိုးပြန်လည်ဆန်းသစ်နိုင်တယ်လို့ဆိုရလောက်အောင် ပါရမီရှိသူတွေဖြစ်ပါတယ်။
ဇာဏ်ခီနဲ့ ခရစ္စတီးနားခီဟာ မအောင်မြင်သေးခင် ခက်ခဲကြမ်းတမ်းခဲ့တဲ့ ဘဝမှာကတည်းက အတူကြိုးစားလာခဲ့တာ အခုချိန်အထိပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အနုပညာအလုပ်တွေကို အားသွန်ခွန်စိုက် ဆက်လက်လုပ်ကိုင်ရင်း သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပါတယ်။
ဒီနေ့မှာတော့ ခရစ္စတီးနားခီက သူမ shopping ထွက်ခဲ့တဲ့ အမှတ်တရပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။ ပုံလေးတွေကို သေသေချာချာကြည့်ရင် ဇနီးဖြစ်သူ ဈေးဝယ်ထွက်တာကို အနောက်ကနေ လိုက်ကြည့်နေတဲ့ ဇာဏ်ခီကိုတွေ့ရမှာပါ။
ဇာဏ်ခီက ဇနီးဖြစ်သူ ခရစ္စတီးနားခီကို စိတ်မချလို့လားဘာလားတော့ မသိဘူး။ အနောက်ကနေ မျက်လုံးဒေါက်ထောက်ကြည့်နေတာကိုတော့ တွေ့ရပါတယ်။ ဒီလိုလိုက်ကြည့်နေတဲ့သူကြောင့် ပရိသတ်တွေက စိတ်မချတော့ဘူးလို့လည်း နောက်ပြောင်ပြီးစထားတာကိုတွေ့ရပါသေးတယ်။
ဇာဏ်ခီကတော့ တကယ်ပါပဲ။ လိုက်လဲကြည့်သေးတယ်။ သူ့ကိုပြန်လှည့်ကြည့်ရင်လဲ မသိချင်ယောင်ဆောင်သေးတယ်။
ပရိသတ်ကြီးအတွက် ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ခီမောင်နှံကို ချစ်ကြရင် ဒီပိုစ့်လေးကို Like & Share လုပ်ဖို့လဲ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Credit-Momolay