ဖြူဖြူကျော်သိန်းကတော့ လက်ရှိမှာ ရှိုးပွဲတွေသီဆိုလျက်ရှိနေပြီး အနုပညာအလုပ်တွေကို ပရိသတ်တွေနဲ့အဆက်မပြတ်အောင် အမြဲလုပ်ကိုင်နေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသမီးအဆိုရှင်တွေထဲမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ဂီတသမားတစ်ဦးလည်းဖြစ်တဲ့အပြင် ဖြူဖြူထွက်ခဲ့သမျှသီချင်းတွေအားလုံးဟာလည်း ပရိသတ်တွေကြားအလွန်ပေါက်ရောက်ခဲ့တဲ့ သီချင်းတွေဖြစ်ပါတယ်။
ဖြူဖြူဟာ အဆင့်အတန်းခွဲခြားဆက်ဆံတတ်တဲ့သူမဟုတ်တာကိုလည်း သူမရဲ့ အပြောအဆိုအသုံးအနှုန်းတွေကနေသိရှိနိုင်တဲ့အပြင် မကြာသေးခင်ကမှ သူမနဲ့ သူမပရိသတ်တွေကြားဝင်ရောက်ပြီး အထင်အမြင်လွဲအောင်လုပ်နေသူတွေတချို့အကြောင်းကိုလည်း သတိပေးစကားလေးပြောဆိုခဲ့ပါသေးတယ်။ ဖြူဖြူဟာ နယ်ရှိုး၊ မြို့ပေါ်က ရှိုးမခွဲခြားဘဲ ဖိတ်ရင်လိုက်ဆိုပေးတတ်တဲ့သူဖြစ်ကြောင်းကိုတော့ ပရိသတ်ကြီး သတိရအောင် ပြောပြထားပါသေးတယ်။
ယနေ့လူမှုကွန်ယက်ပေါ်မှာတော့ ဆယ်လီဘရစ်တီတွေရဲ့ Branded တွေဝတ်ဆင်သုံးစွဲမှုတွေဟာ ပရိသတ်တွေကြား ပြောစရာတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ ဘယ်အနုပညာရှင်ကတော့ ကမ္ဘာကျော် ဘယ်ပစ္စည်းကိုသုံးစွဲတာဖြစ်ပြီး ဘယ်အနုပညာရှင်ကတော့ ဘာတွေသုံးတယ်ဆိုတဲ့ ကမ္ဘာကျော် Brand တွေကြား ဖြူဖြူတစ်ယောက် ဒေါ်လာ ၁၀၀ တောင်မပြည့်တဲ့ ဖက်ရှင်နဲ့ လေဆိပ်ဆင်းလာခဲ့ပါတယ်။ ဒါကိုလည်းသူမက စစနောက်နောက်လေးနဲ့ သူမရဲ့ပေ့ခ်ျလေးမှာတင်ထားတာဖြစ်ပါတယ်။We Love Cele
Source-Phyu Phyu Kyaw Thein