ဝိုးးး ပရိသတ်တွေရဲ့အချစ်ဆုံးလေး နန်းစုရတီစိုးကတော့ သူမရဲ့သီချင်းသစ်ဖြစ်တဲ့ မေမေဆူမှာစိုးလို့ သီချင်းကို လွန်ခဲ့တဲ့ တစ်နာရီကပဲ သူမပေ့ခ်ျကနေတင်ပေးလိုက်ပါပြီနော်။ ဒီသီချင်းလေးကို နန်းစုရတီစိုးရဲ့ပရိသတ်တွေက နားဆင်ဖို့အတွက် စောင့်နေကြတာလည်းဖြစ်ပါတယ်။ သီချင်းလေးကိုတော့ နန်းစုရဲ့ချစ်သူဖြစ်တဲ့ ဂျီဖတ်က ရေးပေးထားတာပါတဲ့။
နန်းစုနဲ့ ဂျီဖတ်က တကယ့်ကိုလိုက်ဖက်တဲ့စုံတွဲလေးပါနော်။ အတိုင်အဖောက်ညီညီနဲ့ နှစ်ယောက်သားစနောက်နေတတ်ကြပြီး ပရိသတ်တွေက အားကျရတဲ့ ချစ်သူစုံတွဲဆိုလည်း မမှားပါဘူး။ မကြာသေးခင်ကမှ ဂျီဖတ်ဟာ နန်းစုရတီစိုးတို့မိသားစုနဲ့အတူ ကမ်းခြေတစ်ခုကို အတူသွားခဲ့ကြတာလည်းဖြစ်ပါတယ်။
ခု ချစ်သူ က ရေးစပ်ပေးထားတဲ့ မေမေဆူမှာစိုးလို့ သီချင်းဟာလည်း တင်ပြီးတစ်နာရီအတွင်းမှာ ထောင်သောင်းချီသော သူတွေရဲ့အားပေးမှုကိုရရှိလိုက်တာဖြစ်ပါတယ်။ပရိသတ်ချစ်တဲ့ နန်းစုရဲ့ သီချင်းလေးကိုအားပေးလိုက်ပါဦးနော်။We Love Cele
မေမေဆူမှာစိုးလို့
Source-Nansu Yati Soe