• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, August 9, 2022
No Result
View All Result

သရုပ်ဆောင်မင်းသွေးရဲ့ နာရေးနဲ့ ပတ်သက်ပြီး မေတ္တာရပ်ခံချက်

We Love Cele by We Love Cele
October 4, 2018
in အနုပညာ
0

သရုပ်ဆောင်မင်းသွေးဟာ မနေ့ညပိုင်း အောက်တိုဘာလ (၃) ရက်နေ့ည ၁၁:၃၀ မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဘောလုံးကန်ရာမှ အမောဖောက်ပြီး ရုတ်တရက်ကွယ်လွန်သွားခဲ့တာကြောင့် ပရိသတ်တွေဟာ လက်မခံနိုင်ခဲ့ကြပါဘူး။ မီဒီယာအချို့ရဲ့ အတည်ပြုချက်ရပြီးနောက်မှာတော့ မင်းသွေးဟာ သူချစ်တဲ့ပရိသတ်ကြီးကို အပြီးအပိုင်နှုတ်ဆက်သွားပြီဆိုတာ သေချာသွားပါပြီ။

သရုပ်ဆောင်မင်းသွေးဟာ သရုပ်ဆောင်အပြင် သီချင်းတွေလည်းသီဆိုခဲ့သူတစ်ဦးဖြစ်ပါတယ်။ အားကစားကိုလည်း လိုက်စားတဲ့အပြင် ဘောလုံးကန်ခြင်းကိုလည်းဝါသနာပါသူဖြစ်ကြောင်းသိရပါတယ်။ စင်ကာပူကနေပြန်ရောက်ရောက်ခြင်း ဘောလုံးသွားကန်ခဲ့တာဖြစ်ပြီး မောလို့ နားနေရာမှ အမောဖောက်ပြီး ပါရမီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပေမယ့်လည်း မင်းသွေးတစ်ယောက် ပြန်နိုးထလာခြင်းမရှိတော့ပါဘူး။

မင်းသွေးရဲ့ နာရေးသို့ ကြွရောက်လာမည့် မိတ်ဆွေတွေနဲ့ ရုပ်သံ မီဒီယာတွေကိုလည်း မေတ္တာရပ်ခံချက်တစ်ခုထုတ်ထားပါသေးတယ်။

“မေတ္တာရပ်ခံခြင်း ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော သရုပ်ဆောင်၊ တေးသံရှင် မင်းသွေး၏ နာရေးသို့ ကြွရောက် အားပေးနှစ်သိမ့်သတင်းမေးလိုကြသော စာနယ်ဇင်းနှင့် ရုပ်သံ မီဒီယာ မိတ်ဆွေများအနေဖြင့် နေအိမ်သို့လာရောက်သောအခါတွင် မိမိနှင့်သက်ဆိုင်သော အဖွဲ့အစည်းကတ်ပြား၊ (သို့မဟုတ်) မီဒီယာအမည်ပါသော လည်ဆွဲများဖြင့် ကြွရောက်ပေးကြပါရန် နှင့် မိသားစုဝင်များအား ရုပ်သံရိုက်ကူးခြင်းများ၊ အင်တာဗျူးမေးမြန်းခြင်းများ သည်းခံပေးကြပါရန် (ကာယကံရှင်မိသားစု၏ ခွင့်ပြုချက်အရ) ကျန်ရစ်သူမိသားစုကိုယ်စား လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။” ဆိုပြီး Padamyar Kkhine အကောင့်ကနေပြီးတင်ထားခဲ့တာဖြစ်ပါတယ်။We Love Cele

Source-Padamyar Kkhine

Previous Post

သရုပ်ဆောင်နေတိုးရဲ့ ညီဖြစ်သူ မင်းသွေး ရုတ်တရက်ကွယ်လွန်

Next Post

ဖတ်နေရင်း ကြေကွဲဆို့နင့်သွားစေတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ မင်းသွေးအတွက် ဝမ်းနည်းမှတ်တမ်း

Next Post

ဖတ်နေရင်း ကြေကွဲဆို့နင့်သွားစေတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ မင်းသွေးအတွက် ဝမ်းနည်းမှတ်တမ်း

သရုပ်ဆောင်မင်းသွေး သေဆုံးရခြင်းအကြောင်းအရင်းကို မိသားစုကိုယ်စား ဦးလေးဖြစ်သူ ပြောကြား

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!