နံနက် ၁ နာရီလောက်က ဘယ်ဘက်ကိုယ်တစ်ခြမ်း လေဖြန်းသွားခဲ့တဲ့ ဦးဝင်းနိုင်(အနုပညာ)

0
128

သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ)ဟာ မြန်မာ့ရုပ်ရှင်လောကမှာ တစ်ခေတ်တခါကြာအောင်ထိ ရပ်တည်နိုင်ခဲ့တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဟာသဇာတ်ရုပ်၊ မိဘဇာတ်ရုပ်  ဇာတ်ရုပ်မျိုးစုံကို ကျရာအခန်းမှာ သဘာဝကျကျသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ မလွန်ဆန်နိုင်တဲ့ ဒုက္ခဒဏ်တွေကို ခံစားလာရတဲ့အထဲမှာ ဦးဝင်းနိုင်တစ်ယောက်လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဦးဝင်းနိုင်ကိုတော့ ယခုနောက်ပိုင်း ရုပ်ရှင်၊ ဗီဒီယိုတွေမှာရိုက်ကူးတာသိပ်မတွေ့ရတော့ဘဲ အနုပညာအလုပ်တွေ ခပ်ကြဲကြဲဖြစ်လာတာကိုတွေ့ရပါတယ်။ ဦးဝင်းနိုင်တစ်ယောက် ယနေ့ ၂၂ ရက်နေ့ မနက်ပိုင်း (၁) နာရီမှာတော့ ဘယ်ဘက် ကိုယ်တစ်ခြမ်းလေဖြန်းသွားခဲ့ပါတယ်။ ဦးဝင်းနိုင်တယောက်ယခုအချိန်မှာတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသခံယူလျှက်ရှိပြီး အနုပညာရှင်အချို့တွေလည်း လာရောက်ကြည့်ရှုနေကြပါတယ်။

ပရိသတ်တွေကိုမရိုးနိုင်အောင် အမျိုးမျိုးအဖုံဖုံနဲ့ကျရာဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ဦးဝင်းနိုင်တစ်ယောက် အမြန်ကျန်းမာပါစေလို့ We Love Cele နဲ့ ပရိသတ်ကြီးက ဆုမွန်ကောင်းတောင်းပေးပါတယ်။

Photos/Source- Myanmar Celebrity & We Love Cele