• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

အရင်ထက်ပိုပြီး ကျန်းမာရေးချူချာလာတဲ့ သက်မွန်မြင့်

We Love Cele by We Love Cele
October 5, 2018
in အနုပညာ
0

သရုပ်ဆောင်သက်မွန်မြင့်က အနုပညာလှုပ်ရှားမှုပိုင်းနဲ့ မိ သားစုကို အချိန်ပေးဖြစ်တဲ့အပိုင်း တွေကို အညီအမျှလုပ်ကိုင်နေပြီး အနုပညာနဲ့ပတ်သက်ပြီး ရုပ်ရှင် ဇာတ်ကားတွေ တစ်လတစ်ကား ရိုက် ကူးဖြစ်နေတယ်လို့ သိရပါတယ်။ အလုပ်နဲ့ မိသားစုအချိန်ပေးဖြစ်မှု အပိုင်းကို မေးကြည့်တော့…

”သက်မွန်က အခုအလုပ်ကို လောဘမကြီးဘဲ နေလိုက်တာ။ တစ် လတစ်ကားပုံမှန်သတ်မှတ်ထား တယ်။ တကယ်လို့ ဇာတ်လမ်းသိပ် ကြိုက်တယ်ဆိုရင်တော့ ညှိတယ်။ အဲဒီအခါကျရင် ကလေးကို အချိန် ပေးဖြစ်တဲ့အပိုင်းတွေ နည်းသွား တယ်။ ဒါမှမဟုတ် သူတို့ကမ်းလှမ်း တယ်။ ကိုယ်မကြိုက်ဘူးဆိုရင် မရိုက် ဘူး။ အဲဒီအခါကျရင် တစ်လလုံး ကိုယ်က ကားရိုက်မရှိတာလည်း ရှိ တယ်။ အဲဒီအခါကျရင် ကလေးတွေ နဲ့ အချိန်ပြည့်ပေါ့။ ရရင်ရသလို ဖန် တီးရတာပေါ့လေ။ ရန်ကုန်မှာ ရိုက် တယ်ဆိုလို့ရှိရင်တော့ မနက်ရှုတင် မသွားခင် သူတို့နဲ့နေတယ်။ နယ်သွား ရင်တော့ သူတို့ကို ထားခဲ့ရတာပေါ့။ နယ်သွားလို့ သူတို့ကို ခေါ်လို့ အဆင် ပြေတယ်ဆိုရင်တော့ သူတို့ကိုပါခေါ်တယ်။ မိသားစု ခရီးထွက်တယ်။ အလုပ်ရော မိသားစုခရီးထွက်တာရော ပေါင်းပစ် လိုက်ရတယ်။ ကိုယ်တော့ ပင်ပန်းပေါ့။ ကလေးတွေကလည်း ငယ် တယ်။ အမေအရမ်းကပ်တဲ့သူတွေဆိုတော့ နှစ်ယောက်စလုံး လုနေကြ တယ်ဆိုတော့ စိတ်ရောလူရော ပင်ပန်းတယ်။ ဒါပေမဲ့လည်း အကုန်လုံး မျှအောင်လုပ်ပေးရတာပေါ့”လို့ သူကပြောပါတယ်။

ကလေးနှစ်ယောက်ကို မွေးဖွား ထားတဲ့ မိခင်တစ်ယောက်အနေနဲ့ အလှအပ၊ အသားအရေထိန်းသိမ်း မှုအပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ဂရုစိုက်ဖြစ်လဲလို့ မေးကြည့်တဲ့အခါ မှာတော့ သက်မွန်မြင့်က….

”အဓိက Skin Care ကတော့ လုပ်ရတယ်။ ဘာလို့လဲဆိုတော့ အခုနေလောင် တာတို့ကျ သက်မွန်တို့က ဒီအလုပ်လုပ်နေတာ နှစ် ၂ဝ ထဲကို ဝင်နေ ပြီဆိုတော့ နေပူမရှောင်၊ မိုးရွာမရှောင်လုပ်ခဲ့တာဆိုတော့ အခုအ သက်က စကားပြောတဲ့အခါကျတော့ အဲဒါလေးကို အရင်ထက်ပိုပြီး ဂရု စိုက်ရတယ်။ ပြီးတော့ ကလေးမွေးသွားတဲ့အခါကျတော့ သွေးသားတွေ ပြောင်းသွားတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ သွေးသားတွေ ပြောင်းသွားတဲ့အခါကျတော့ အဲဒါတွေကို တအား သက်ရောက်မှုတွေ ရှိ တော့ ဂရုစိုက်ရတယ်။ အရင်ထက် ချူချာတယ်။ ဝိတ်ချတယ်။ အအိပ် အစားလေး ဆင်ခြင်လိုက်ပြီး အလုပ် လေးပင်ပန်း လာပြီဆိုရင်လူကအိပ်ရာထဲလဲသွားတယ်။ အဲဒီလိုမျိုး တအား ကျန်းမာရေးချူချာတော့ ပိုပြီးဂရုစိုက်ရ တယ်”လို့ သက်မွန်မြင့်ကပြောပါ တယ်။

Credit-Popular Journal

Previous Post

မင်းသွေးဈာပနကိုစီစဉ်ရင်း တချိန်က မင်းသွေးပြောခဲ့တဲ့ စကားတွေအတွက် ဝမ်းနည်းနေခဲ့ရတဲ့ ဝေဠုကျော်

Next Post

အရင်းနှီးဆုံးသူငယ်ချင်း မင်းသွေးအတွက် တိတ်တိတ်လေးကြေကွဲခဲ့ရတဲ့ ညီမင်းခိုင်

Next Post

အရင်းနှီးဆုံးသူငယ်ချင်း မင်းသွေးအတွက် တိတ်တိတ်လေးကြေကွဲခဲ့ရတဲ့ ညီမင်းခိုင်

မော်ဒယ်ယွန်းဆက်ပိုင်သေဆုံးမှုမှာ ထူးခြားမှုမတွေ့သဖြင့် ပုဒ်မပြောင်းလဲစစ်ဆေးခြင်းမရှိ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!