မင်းသွေးတစ်ယောက် ခုဆို ဘယ်တွေများရောက်နေမလဲ မင်းသွေး သူချစ်တဲ့ပရိသတ် သူ့ကိုချစ်တဲ့မိသားစု သူ့ရဲ့အခင်ဆုံးသူငယ်ချင်းတွေကို နှုတ်ဆက်သွားတာ ဒီနေ့နဲ့ဆို ၂ ရက်ရှိခဲ့ပါပြီ။ လာမယ့် တနင်္ဂနွေနေ့မှာတော့ သူ့ရဲ့ ရုပ်ကလာပ်ကို မီးသဂြိုလ်တော့မှာဖြစ်ပေမယ့် ခုချိန်ထိ လက်မခံနိုင်ကြသေးတဲ့သူတွေ နဲ့အတူ မယုံကြည်ခြင်းများစွာနဲ့ ရှင်သန်နေကြဆဲပါ။
မင်းသွေး ခုလိုရုတ်တရက်ကွယ်လွန်သွားရတဲ့အချိန်မှာ ဝမ်းအနည်းဆုံးဖြစ်နေကြမှာကတော့ သူနဲ့ နေ့စဉ်နဲ့အမျှ ပေါင်းသင်းသွားလာနေကြတဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေပဲဖြစ်ကြပါတယ်။ မင်းသွေးဟာ ညီမင်းခိုင်၊ သားညီတို့နဲ့ အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားရတာ ဘယ်လောက်ခံစားရလဲဆိုတာ ဆုံးရှုံးကြဖူးသူတိုင်း သိနားလည်ကြပါတယ်။
ညီမင်းခိုင်တစ်ယောက် အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ မင်းသွေး ရုတ်တရက်ဆုံးပါးသွားတာကြောင့် တိတ်တိတ်လေး ကြေကွဲခံစားနေရပါတယ်။ Black Profile ချိန်းပြီး မင်းသွေးအတွက် ဝမ်းနည်းခဲ့တဲ့ ညီမင်းခိုင်တစ်ယောက် မနေ့ည ၈ နာရီခွဲက ယခုလိုမျိုးကြေကွဲစာလေးကို တင်ခဲ့တာဖြစ်ပါတယ်။ “မင်းထွက်သွားတာ တစ်ရက်ရှိပြီသူငယ်ချင်း…မနေ့ကဒီအချိန်ပေါ့ မင်းနဲ့ငါ ဒီလူ့ဘဝမှာနောက်ဆုံးတွေ့ခဲ့ကြတာ…PM:08:30. မင်းအတွက်နှုတ်ဆက်စာ နောက်ကျမှငါရေးမယ်ကွာ…#NMK.”
သူငယ်ချင်းနှစ်ယောက်ကြားက သံယောဇဉ်လေးကို ဒီစာလေးဖတ်ပြီး ရင်နင့်အောင်ခံစားရပါတယ်။We Love Cele
Source-Nyi Min Khine