အောင်မြင့်မြတ်ကတော့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မြန်မာ့ရုပ်ရှင်လောက တစ်ဆစ်ချိုးအပြောင်းအလဲကြီးမှာ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိလိုက်သူတစ်ဦးပါ။ ခင်ဗျားဆင်းရဲဖူးလား ဆိုတဲ့ ဇာတ်ဝင်ခန်းဒိုင်ယာလော့ခ်တစ်ခုက ပရိသတ်တွေရဲ့ရင်ဘတ်ထဲထိအောင် သရုပ်ဆောင်နိုင်ခဲ့တာမို့ အောင်မြင့်မြတ်ပရိသတ်တွေရဲ့ လက်သုံးစကားတစ်ခုဖြစ်လာခဲ့ပါတယ်။
အောင်မြင့်မြတ်ဟာ အနုပညာလောကထဲကိုရောက်ရှိခဲ့တာကြာပြီဖြစ်ပေမယ့် ဥပါယ်တံမျဉ်က သိန်းစိုးဆိုတဲ့နာမည်နဲ့ ပရိသတ်တွေကို ပိုလူသိစေခဲ့တာပါ။ အောက်တိုဘာ ၃ ရက်နေ့ညမှာ ရုတ်တရက်ဆုံးပါးသွားခဲ့တဲ့ မင်းသွေးဟာလည်းအောင်မြင့်မြတ်ရဲ့ အနုပညာမောင်နှမလိုတမျိုး၊ သူငယ်ချင်းလိုတမျိုး၊ ဆရာလိုတမျိုး ဖြစ်ခဲ့ပါတယ်။ အနုပညာနဲ့ပတ်သက်လာရင်တိုင်ပင်စရာဆိုလို့ မင်းသွေးကို အကိုရင်းတစ်ယောက်လို ဆက်ဆံခဲ့တဲ့ အောင်မြင့်မြတ် ခု ချိန်မှာ မင်းသွေးမရှိတော့ ရူးမတတ်ခံစားနေခဲ့ရပါတယ်။
မင်းသွေးပရိုဖိုင်းတွေနဲ့တက်လာတိုင်း မင်းသွေးလို့ ခုချိန်ထိတွေးထင်မှတ်ထားတဲ့ အောင်မြင့်မြတ်တစ်ယောက် မင်းသွေးသူ့ကို စိတ်ခုပြီးစကားမပြောခဲ့တဲ့အချိန်လေးတွေနဲ့အတူ နှစ်ယောက်ပေါင်းပြီး အတူရှိခဲ့တဲ့ အမှတ်တရလေးတွေကို ဝမ်းနည်းစွာရင်ဖွင့်လာခဲ့ပါတယ်။
“ခုချိန်ထိ ခင်ဗျား Profile Picture နဲ့ Account တွေတက်လာတိုင်း ခင်ဗျားပဲလို့ထင်နေတုန်း ….အရီးတို့ ဘယ်လောက်တောင် ပူလောင်နေလိုက်မလဲဗျာ ….သတင်းကြားကြားချင်း ကျွန်တော်တို့ငိုကြတယ် ..တကယ်တော့ ခင်ဗျားကိုချစ်တဲ့သူတွေအကုန်လုံးငိုကြတာပါ ..အမှတ်တရတွေအများကြီးထဲမှာမှ ကျွန်တော့်မှာရှိတဲ့ မှတ်တမ်းတင်ဖြစ်ထားတာလေးတွေ Album ပြန်လုပ်ထားတယ် ..ခင်ဗျားကို သတိရတဲ့သူတွေ ဝင်ကြည့်နိုင်အောင်ပေါ့ .RIP Minthway”
အောင်မြင့်မြတ်လုပ်ပေးထားတဲ့ Album လေးနဲ့ စာလေးနဲ့ကို တွဲပြီးဖတ်ကြည့်ပေးပါနော်။We Love Cele


















Source-Aung Myint Myat