အောက်တိုဘာ(၃)ရက်နေ့မှာ ဘဝတစ်ပါးကို ရုတ်တရက်ကူးပြောင်းသွားခဲ့တဲ့ မင်းသွေးအတွက် ပရိသတ်တွေရော၊ အနုပညာညီအစ်ကိုမောင်နှမတွေကပါ လွမ်းဆွတ်ပူဆွေးနေကြပါတယ်။ မင်းသွေးက ဘယ်သူမှ မထင်မှတ်ထားတဲ့အချိန်မှာ ရုတ်တရက်ကွယ်လွန်သွားတာမို့ အားလုံးကလက်မခံနိုင်သေးပါဘူး။ ဒါပေမယ့် မင်းသွေးရဲ့မိသားစုဝင်တွေ အနုပညာမောင်နှမတွေက မင်းသွေးအတွက် ကုသိုလ်ကောင်းမှုတွေကို တတ်နိုင်သမျှပြုပေးနေကြပါတယ်။
နေမင်းကလဲ သူငယ်ချင်းဖြစ်သူ မင်းသွေးအတွက် ကုသိုလ်ကောင်းမှုတွေပြုခဲ့သေးပါသေးတယ်။ သူကတောင်ထိပ်တောင်ဘုရားမှာ ဘဝတစ်ပါးကို ကူးပြောင်းသွားပြီဖြစ်တဲ့ မင်းသွေးအတွက် ကုသိုလ်ကောင်းမှုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
နေမင်းက အခုလက်ရှိမှာတော့ တောင်ထိပ်တောင်ကို ရောက်ရှိနေပြီး မင်းသွေးအတွက် ကောင်းမှုပြုပြီး အမျှဝေပေးခဲ့ကြောင်းကို သူ့ရဲ့ ဖေ့ဘုတ်မှာ “သူငယ်ချင်း ငါဒီတောင်ထိပ်ကနေ မင်းအတွက် ( ပဌာန်း )ရွတ်ပြီ; အမျှဝေနေတယ်ကွာ”ဆိုပြီး ကြေကွဲဖွယ်တင်ထားပါတယ်။
မင်းသွေးတစ်ယောက် သူငယ်ချင်းဖြစ်သူ နေမင်းပြုပေးသမျှ ကောင်းမှုအစုစုကို ရရှိပြီး ရောက်နေတဲ့ဘုံဘဝကနေ သာဓုခေါ်နိုင်ပါစေ။ မင်းသွေးတစ်ယောက် အေးချမ်းတဲ့ နေရာလေးမှာ ထာဝရအနားယူနိုင်ပါစေ။ မင်းသွေးရဲ့ ရုပ်အလောင်းကို လာမယ့် (၇)ရက်နေ့မှာ ရေဝေးသုဿန်မှာ သဂြိုဟ်မယ်လို့သိရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ပရိသတ်ကြီးကို ကျေးဇူဒအထူးတင်ရှိပါသည်။
Credit-Momolay