• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

သောကတွေကြားထဲက နေတိုးရဲ့ဧည့်ဝတ်ကျေလွန်းတဲ့ စိတ်ဓာတ်ကြောင့် မလေးစားပဲ မနေနိုင်ဖြစ်ခဲ့ရတဲ့ ဦးမန်းဝင်းသမီး

We Love Cele by We Love Cele
October 5, 2018
in အနုပညာ
0

နေတိုးတစ်ယောက် ညီဖြစ်သူရဲ့ နာရေးကိစ္စတွေနဲ့ စိတ်ခံစားမှုတွေကြားထဲက လာရောက်နေတဲ့ ဧည့်သည်တွေအပေါ် ဧည့်ဝတ်မပျက်ဧည့်ခံနေတာကိုလည်းတွေ့ရပါတယ်။ စိတ်ခံစားမှုတွေကို မျိုသိပ်ထားပြီး အကိုကြီးအဖရာဆိုသလို အစစအရာရာ လိုလေသေးမရှိအောင် ဆောင်ရွက်နိုင်ဖို့ စိတ်ဓာတ်ကို ကြံ့ကြံ့ခိုင်ထားရှိတာကိုလည်း တွေ့မြင်နေရပါတယ်။

မကြာသေးခင်ကမှ လူမှုကွန်ယက်ပေါ်မှာ သေဆုံးသွားပြီဆိုပြီး သတင်းလွှင့်နာမည်ဖျက်ခံရတဲ့ ဦးမန်းဝင်းတစ်ယောက်လည်း ကျန်းမာရေးချူချာနေတဲ့ကြားထဲက မင်းသွေးရဲ့ နာရေးသတင်းမေးဖို့အတွက် သာကေတ ဝါဝါဝင်းအိမ်ယာထိ လာရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုနေမကောင်းတဲ့ကြားထဲက လာရောက်ခဲ့တဲ့ ဦးမန်းဝင်းကို နေတိုးတစ်ယောက် အလုပ်တွေ မအားလပ်တဲ့ကြားထဲကနေပြီးတော့ ဦးမန်းဝင်းအိမ်ထိ ကိုယ်တိုင်လိုက်ပို့ပေးခဲ့တာဖြစ်ပါတယ်။

ဦးမန်းဝင်းရဲ့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းကတော့ “ဪ..ဆုံးပီဆိုပြီး နာမည်တွေ ၄ခါလောက်ကြီးနေတာက ဖေဖေဦးမန်းဝင်း.မနက်ပိုင်းမှာ စင်ကာပူနိုင်ငံမှာရှိနေပြီး ညနေပိုင်းအထိအကောင်းအတိုင်းရှိနေပေမဲ့ ညပိုင်းမှာ နာရီပိုင်းမဟုတ်တဲ့ မိနစ်ပိုင်းစက္ကန့်ပိုင်းအတွင်းမှာ ရုတ်တရက် ဆုံးပါးကွယ်လွန်သွားတာက မောင်လေးမင်းသွေး..ဖေဖေက …အဲ့ဒီ့အိမ်ကို လိုက်ပို့ပေးပါ…သူသွားချင်တယ်တဲ့လေ…တစ်ရပ်ကွက်တည်းဖြစ်နေတော့ ဆိုက်ကားလေးဌားပေးလိုက်တာ…ဖေကြီးကိုအိမ်ပြန်တော့ သူတို့အိမ်ကကားနဲ့လိုက်ပို့ပေးတယ်။စိတ်သောကတွေရောက်နေတာတောင် ဧည့်ဝတ်ကျေပြီးချစ်ဖို့ကောင်းတဲ့စိတ်ဓာတ်ပိုင်ရှင်မို့ လေးစားအတုယူရပါတယ် အစ်ကိုရေ…ခံစားနေရတဲ့ဝေဒနာတွေကို ရင်ထဲမှာသိမ်းဆည်းပြီးတည်ငြိမ်ရင့်ကျက်ပြနေတဲ့ အစ်ကို့ရဲ့Actoinတွေက သရုပ်ဆောင်နေတာမဟုတ်မှန်းသိနေတော့….ကိုယ်ချင်းစာ သနား လေးစား အတုယူရပါတယ်….” ဆိုပြီး နေတိုးရဲ့ လေးစားဖို့ကောင်းတဲ့စိတ်ထားလေးကိုချီးကျူးစဖွယ်ရေးထားတာဖြစ်ပါတယ်။We Love Cele

Source-Kyi Phyu Mann Win

Previous Post

မနက်ဖြန်ထက် နောက်ဘဝပိုနီးတယ်ဆိုတာ ဒါရိုက်တာသြရသကို အသက်နဲ့ရင်းပြီး သက်သေပြသွားတဲ့ မင်းသွေး

Next Post

ကျန်းမာရေးကြောင့် ရာသက်ပန် အရက်ဖြတ်လိုက်တဲ့ ကင်းကောင်

Next Post

ကျန်းမာရေးကြောင့် ရာသက်ပန် အရက်ဖြတ်လိုက်တဲ့ ကင်းကောင်

အချစ်ဆုံးသူငယ်ချင်း မင်းသွေးကို ပထမဆုံးနဲ့ နောက်ဆုံးအနမ်း ပေးခဲ့တဲ့ အဆိုတော် ဖော်ကာ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!