• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Wednesday, August 3, 2022
No Result
View All Result

ကျန်းမာရေးကြောင့် ရာသက်ပန် အရက်ဖြတ်လိုက်တဲ့ ကင်းကောင်

We Love Cele by We Love Cele
October 6, 2018
in အနုပညာ
0

ဟာသသရုပ်ဆောင်ကင်းကောင် က အစာပြွန်ခွဲစိတ်မှုတစ်ခုကို လွန် ခဲ့တဲ့ နှစ်နှစ်ခန့်က လုပ်ဆောင်ခဲ့ ရပါ တယ်။ သူ့အနေနဲ့ထမင်းစားနေရင်း မျိုချလို့မရတဲ့ ဝေဒနာတစ်ခုကို စတင် ခံစားခဲ့ရပြီး နောက်ပိုင်းမှာတော့ အရည်ကိုပါမျိုလို့မရတဲ့ အနေအထား ဖြစ်ခဲ့တယ်လို့ပြောပြပါတယ်။ အဲဒီ နောက်မှာတော့ သူဟာ ဆရာဝန်နဲ့ ပြသကြည့်တဲ့အခါမှာ အစာပြွန်လမ်း ကြောင်းမှာ ပိတ်ဆို့နေတာတစ်ခုကို ခွဲထုတ်ရမယ်ဆိုတာ သိခဲ့ရပါတယ်။

”အစာအိမ်ထဲကို ကင်မရာမှန် ပြောင်းထည့်ကြည့်ရတယ်။ အဲဒီမှာ အစာပြွန်လမ်းကြောင်းမှာ ပိတ်နေ တာတစ်ခုကို သွားတွေ့တယ်။ အဲဒါ နဲ့ ခွဲထုတ်ရမယ်လို့ ပြောတယ်။ ခွဲ ထုတ်လိုက်တော့မှ ပိတ်နေတာကို ထွက်သွားတာ။ ၄ မီလီမီတာလောက် ရှိတယ်ပြောတယ်။ အဲဒါနဲ့ ကျွန်တော့် မှာ ဇာတ်ကားရိုက်ကူးလို့ မရတော့ ဘူး။ လူကနဂိုကတည်းက ပိန်ပါ တယ်ဆိုမှ ပိုပိန်သွားတယ်။ အဲဒါနဲ့ ခွဲပြီးတော့ အားပြန်မွေးရတယ်။ ပြီးတော့မှဇာတ်ကားတွေ ပြန်ရိုက်ကူး ဖြစ်တယ်။ ဆေးလိပ်မသောက်ရဘူး။ ကွမ်းမစားရဘူး။ အရက်မသောက်ရ ဘူး။ အားလုံးဖြတ်ရတယ်။အစပ်ကို လည်း တအားကြီး မစားရဘူး။ ဖြစ် တာကအစာပြွန်ဆိုတော့ အစာနဲ့ ပတ်သက်ပြီး တော်တော်များများကို ရှောင်ရတော့တာပေါ့။ အရက် ကတော့ ရာသက်ပန်ကို ရှောင်ရပါ တယ်။ အရက်က လုံးဝကို သောက် ခွင့်မပေးထားဘူး။ ကျွန်တော့်အနေနဲ့ လည်း ပြောင်းလဲချိန်တန်ပြီပေါ့လေ။ ရပ်နားချိန်တန်ပြီဆိုတော့ ကိုယ် လည်း ရပ်နားရမယ်လေ။ အခု ကတော့ ကောင်းသွားပါပြီ။အကုန် စားလို့ရပါပြီ”လို့ သူ့ရဲ့ကျန်းမာရေးနဲ့ ပတ်သက်လို့ ဟာသသရုပ်ဆောင် ဦးကင်းကောင်က ပြောပါတယ်။

သူ ကလက်ရှိအချိန်မှာတော့ ဇာတ်ကား တွေပြန်လည်ရိုက်ကူးနေပြီဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ လည်း လက်ခံထားတယ်လို့ သိရပါ တယ်။ သူ့အနေနဲ့သူချစ်တဲ့ ပရိသတ် တွေအတွက်ကိုလည်း အမြဲတမ်း ကြိုးစားသွားမှာ ဖြစ်သလို ပရိသတ် တွေက သူ့ရဲ့ ထမင်းရှင်ပါပဲလို့ ပြော ပြခဲ့ပါတယ်။

Credit-Popular Journal

Previous Post

သောကတွေကြားထဲက နေတိုးရဲ့ဧည့်ဝတ်ကျေလွန်းတဲ့ စိတ်ဓာတ်ကြောင့် မလေးစားပဲ မနေနိုင်ဖြစ်ခဲ့ရတဲ့ ဦးမန်းဝင်းသမီး

Next Post

အချစ်ဆုံးသူငယ်ချင်း မင်းသွေးကို ပထမဆုံးနဲ့ နောက်ဆုံးအနမ်း ပေးခဲ့တဲ့ အဆိုတော် ဖော်ကာ

Next Post

အချစ်ဆုံးသူငယ်ချင်း မင်းသွေးကို ပထမဆုံးနဲ့ နောက်ဆုံးအနမ်း ပေးခဲ့တဲ့ အဆိုတော် ဖော်ကာ

ကြည့်ပြီးမျက်ရည်ကျခဲ့ရတဲ့ မင်းသွေးကို ဆရာဝန်ကစမ်းသပ်ပြီး သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပေးလိုက်တဲ့ ဗီဒီယို

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!