သရုပ်ဆောင်ကျော်ဇင်ထွဋ်တစ်ယောက်ကတော့ မိသားစုအဆင်မပြေမှုတွေကြောင့် တစ်ယောက်တည်း အိမ်မှာ ရပ်တည်နေခဲ့တာ လချီရှိနေခဲ့ပါပြီ။ ချစ်ရတဲ့မိသားစုတွေကို ပြန်လာဖို့ အကြိမ်ကြိမ်လွမ်းဆွတ်ပြီး ခေါ်ခဲ့ပေမယ့်လည်း သူချစ်တဲ့မိသားစုကတော့ ယခုအချိန်ထိ ကျော်ဇင်ထွဋ်ဆီပြန်မလာခဲ့ပါဘူး။ ဘယ်အကြောင်းရာတွေကြောင့် ကျော်ဇင်ထွဋ်တို့မိသားစု ကွဲကွာသွားရလဲမသိပေမယ့် မိသားစုကို ချစ်မြတ်နိုးလှတဲ့ ကျော်ဇင်ထွဋ်တစ်ယောက်ကတော့ ယခုအချိန်ထိ သူ့မိသားစုလေးအပေါ် ဒုက္ခပေးဖို့ ဘယ်တော့မှမစဉ်းစားခဲ့ဘူးလို့ ရင်ဖွင့်ထားပါသေးတယ်။
ကျောင်းတက်နေတဲ့ သမီးဖြစ်သူဟာ ဆုရရှိခဲ့ပေမယ့်လည်း လာရောက်ယူခြင်းမရှိခဲ့တာကြောင့် ကျော်ဇင်ထွဋ်ကိုယ်တိုင် ကိုယ်စား တက်ရောက်ယူပေးခဲ့ပါသေးတယ်။ ယနေ့မှာတော့ ကျော်ဇင်ထွဋ်တစ်ယောက် သူလက်ရှိအသုံးပြုနေတဲ့ အကောင့်လေးကို အပြီးအတိုင်ပိတ်သိမ်းတော့မယ်လို့ သိရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကာယကံရှင်က ဒီမိသားစုပုံလေးတွေကို ဒီအကောင့်မှာ ဖော်ပြခွင့်မပေးတော့တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။
“6-10-2018 ကျွန်တော် ဒီ ACC ကို ည ၁၂ကျော် တာ နဲ့ အပြီးအပိုင် D လုပ်ရပါတော့မယ် ။ ကျွန်တော်တင်ခဲ့တဲ့ မိသားစုပုံတွေနဲ့ ပက်သတ်လို့ ကာရကံရှင်တွေက ခွင့်မပြုတော့လို့ပါ ။ မိသားစုပုံတွေ ပြန်ပြန်ပေါ်နေရင် ကျွန်တော် တရားဆွဲခံရမှာမလို့ပါ ။ အကောင့် အသစ် ဖွင့်ပြီး မှ ပြန်ဆုံဖြစ်ရင်လည်း ပြန်ဆုံ ကြပါမယ် ။ မဆုံဖြစ်တော့ဘူး ဆိုရင်လည်း အားလုံးကို ဒီကနေ နှုတ်ဆက်လိုက်ပါတယ် ။ အားလုံးကို သံယောဇဉ် ရှိပေမဲ့ စိတ်မကောင်းစွာ နဲ့ပဲ အချိန်အနေနဲ့အချိန်အခါအရ လုပ်ရတော့မှာဖြစ်ပါတယ် ။ အသစ်ဖွင့်တဲ့ ACC ကြရင် Profile ပုံကို ဒီပုံလေး သုံးပါမယ် ။မှတ်မိသလောက် Friendsတွေကို ပြန်လှမ်းAddရင် ပြန်လက်ခံပေးကြပါ ခင်ဗျာ ။ မှတ်ချက် ။ ။ နောက် ACC ကျရင် ရန်ကုန်ဖေချစ် ဆိုတဲ့ အသုံးအနှုန်း ကျွန်တော့ကို မသုံးကြဖို့လည်း မေတ္တာရပ်ခံအပ်ပါအိ ။ FB Friends အားလုံးကို ချစ်တဲ့ 100%.ကျော်ဇင်ထွဋ် <3 <3 <3” လို့ သူ့ရဲ့အကောင့်မှာရေးသားထားတာဖြစ်ပြီး မိသားစု (၃) ယောက်လုံးအဆင်ပြေဖို့နဲ့ သူဘယ်တော့မှ မိသားစုကို ဒုက္ခပေးဖို့ မစဉ်းစားခဲ့ဖူးဘူးလို့လည်း ထပ်လောင်းပြောဆိုလိုက်ပါသေးတယ်။We Love Cele
Source-Kyaw Zin Htut