• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, August 7, 2022
No Result
View All Result

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းရဲ့ ကြေကွဲဆို့နင့်ဖွယ်ရာ အမိန့်ပြန်တမ်းဗီဒီယို

We Love Cele by We Love Cele
October 7, 2018
in အနုပညာ
0

သရုပ်ဆောင်မင်းသွေးကို ဒီကနေ့ မနက် ၆ နာရီခွဲမှာ မီးသဂြိုလ်ခဲ့တာဖြစ်ပါတယ်။ မနက် ၁ နာရီအချိန်တည်းက ရေဝေးသုသာန်မှာ လာရောက်ပြီးစောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေအများအပြားကို တွေ့ရှိရပါတယ်။ သရုပ်ဆောင်မင်းသွေးရဲ့ သဂြိုလ်မယ့်အချိန်ကို တိကျသေချာစွာမထုတ်ပြန်ထားပေမယ့် ပရိသတ်များက ကြိုတင်ပြီးလာရောက်စောင့်နေခဲ့ကြတာဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသွေးကို မီးသဂြိုလ်ပြီး အရိုးပြာအိုးကို ဂူသွင်းမြုပ်နှံခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းပူဆွေးမှုတွေကြားက အကိုဖြစ်သူ နေတိုးပုံရိပ်တွေနဲ့ သားတစ်ယောက်ဆုံးရှုံးသွားလို့ ရူးမတတ်ခံစားနေရတဲ့ နေတိုးအမေဖြစ်သူတို့ရဲ့ ပုံရိပ်တွေဟာလည်း ရင်ထဲနင့်နေအောင် ခံစားလိုက်ရပါတယ်။ သရုပ်ဆောင်မင်းသွေးဟာ အနုပညာလောကသားတစ်ယောက်ဖြစ်တာမို့ ယခုလို သေဆုံးသွားချိန်မှာတော့ အမိန့်ပြန်တမ်းထုတ်ပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

ဒီအမိန့်ပြန်တမ်းကိုတော့ သရုပ်ဆောင်မင်းသွေးကို သဂြိုလ်စက်ထဲမထည့်ခင်အချိန်မှာ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဌဖြစ်သူ ဦးဇင်ဝိုင်းက သရုပ်ဆောင်မင်းသွေးကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အပြီးအပိုင်ထုတ်ပြန်လိုက်ပါပြီ ဆိုပြီး အမိန့်ပြန်တမ်းလိုက်တာဖြစ်ပါတယ်။ ဒီအမိန့်ပြန်တမ်းကို ကြားရသူ ပရိသတ်များက သရုပ်ဆောင်မင်းသွေးအတွက် ဝမ်းနည်းနေခဲ့ကြတာဖြစ်ပါတယ်။We Love Cele

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အပြီးအပိုင်ထုတ်လိုက်ကြောင်း အမိန့်ပြန်တမ်း

Video Source-အလင်းတန်း အနုပညာဂျာနယ်

Previous Post

မင်းသွေးရဲ့ ဈာပန အခမ်းအနားကို ကြည့်ပြီး စိတ်မကောင်းဖြစ်သလို ဒေါသထွက်နေတဲ့ နန်းမြတ်ဖြိုးသင်း

Next Post

ဖြေသိမ့်စရာစကားလုံးမရှိတော့လောက်အောင် ဝမ်းနည်းနေတဲ့ ရွှေမှုန်ရတီ

Next Post

ဖြေသိမ့်စရာစကားလုံးမရှိတော့လောက်အောင် ဝမ်းနည်းနေတဲ့ ရွှေမှုန်ရတီ

ရေဝေးမှာ ၅ ရက်ထားတာတောင် အပြစ်ကင်းစင်တဲ့ ရုပ်ကလေးအတိုင်းမို့ နှမြောနေတဲ့ ကျော်ကျော်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!