မြန်မာအိုင်ဒေါ Season 3 မှ ဝင်းနားဆုရှင် ဖြိုးမြတ်အောင် ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ခွင့်ရနေပြီး အောင်မြင်တဲ့ အနုပညာရှင်ကြီးတစ်ယောက်ဖြစ်အောင် တက်လှမ်းနေသူတစ်ဦးပါ။ ဝါရင့်အနုပညာရှင်တွေနဲ့ အနုပညာအလုပ်တွေကို တွဲဖက်လုပ်ကိုင်ခွင့်ရနေပြီး မကြာသေးခင်ကမှ ခိုင်သင်းကြည်၊ ပိုင်ဖြိုးသု ၊ ပိုးကြာဖြူခင်တို့နဲ့အတူ ကြော်ငြာတွေရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။
ဖြိုးမြတ်အောင်ရဲ့ ရည်ရွယ်ချက်ကတော့ ဘုရားထီးတင်မှာဖြစ်ပြီး ယခုအချိန်မှာလည်း ဘုရားထီးတင်ဖို့အတွက် ဆောင်ရွက်စရာရှိတာတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ဟာ ရိုးသားတဲ့ဂုဏ်ကြောင့် ပ၇ိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိခဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ဘုရားထီးတင်ဖို့အတွက်လည်း ပါဝင်လှူဒါန်းပေးနေသူတွေအများကြီးရှိနေခဲ့ပါတယ်။
ယခုအခါမှာလည်း ဖြိုးမြတ်အောင် ဘုရားထီးတင်မယ့် ကိုးနဝင်း ဘုရားအတွက် မွန်ပြည်နယ်၊ရေးမြို့မှ ဆရာမတစ်ဦးဖြစ်သူ ဒေါ်ခင်သန်းသန်းစိုးက ပုလဲ ၁၆ လုံးနဲ့အတူ အလှူငွေ ၅ သောင်းကျပ်တို့ လှူဒါန်းခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က အရွယ်သုံးပါးမရွေးတဲ့ ပရိသတ်တွေကို အပိုင်ရထားတဲ့ဖြိုးမြတ်အောင်တစ်ယောက် ဒီလို ပါဝင်လှူဒါန်းနေသူတွေကို ရရှိနေတဲ့အပြင် မကြာခဏ ပရိသတ်တွေရဲ့ ဂုဏ်ပြုချီးမြင့်ခြင်းကိုလည်း ခံနေရသူဖြစ်ပါတယ်။We Love Cele
Photos-Sunday Journal