အပျိုကြီး၊ အပျိုကြီးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ရလောက်အောင် ခုချိန်ထိ အိမ်ထောင်မပြုသေးတဲ့ ခင်လေးနွယ်တစ်ယောက်ရဲ့အချစ်ရေးဟာ ထူးခြားလာပြီလား? ခင်လေးနွယ်ဟာ လွန်ခဲ့တဲ့ ဗီဒီယိုခေတ်တွေတည်းက မင်းသမီးသက်မွန်မြင့်တို့နဲ့အတူ တစ်ခေတ်တည်းပေါ်လာတဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်းမြောက်မြားစွာကို ရိုက်ကူးခဲ့ရတဲ့ မင်းသမီးလေးလည်းဖြစ်ပါတယ်။
ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေလုပ်နေတာ သိပ်မတွေ့ရတော့ပေမယ့် ပွဲတွေတော်တော်များများမှာတော့ အမြဲတွေ့နေခဲ့ရပါတယ်။ ယခုအချိန်ထိ အိမ်ထောင်မပြုသေးတဲ့ ခင်လေးနွယ်ကို ပရိသတ်တွေက အပျိုကြီးဘဝနဲ့ တစ်သက်လုံး အရိုးထုတ်သွားတော့မလားလို့ စိတ်ဝင်စားနေခဲ့ကြတာပါ။ ခင်လေးနွယ်ကိုယ်တိုင်ကလည်း သူမနဲ့ပတ်သက်တဲ့ Relationship တွေအကြောင်းကို ပရိသတ်တွေဆီတခါမှ မချပြခဲ့ဖူးပါဘူး။
တစ်ကိုယ်တည်းနေလေ့ရှိတဲ့ ခင်လေးနွယ်တစ်ယောက်ရဲ့ အချစ်ရေး ခုချိန်မှာ ထူးခြားလာပြီလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ခင်လေးနွယ်ဟာသူမအချစ်ရေးနဲ့ပတ်သက်ပြီး တခါမှ လူမှုကွန်ယက်တွေအပေါ် တင်လေ့မရှိပေမယ့် ယနေ့မှာတော့သူမရဲ့ အချစ်နဲ့အတူ ရိုက်ကူးထားတဲ့ဓာတ်ပုံလေးတစ်ပုံကို Instagram ပေါ်တင်ထားခဲ့တာ တွေ့ရပါတယ်။ အသည်းပုံ Caption လေးတပ်ပြီး နောက်ကျောဘက်ကိုသာ ရိုက်ကူးထားတဲ့ပုံဖြစ်တာကြောင့် ချစ်သူရဲ့မျက်နှာကိုတော့ မမြင်ရပါဘူး။ အမြဲတိတ်ဆိတ်နေတတ်တဲ့ ခင်လေးနွယ်တစ်ယောက် မကြာခင်မှာ အပျိုကြီးဘဝကို စွန့်လွှတ်တော့မလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါပြီနော်။We Love Cele

Photos-Khin Lay Nwe