အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မထက်ကတော့ တကယ့်မိန်းကလေးတစ်ဦးလို လှရက်လွန်းသူမို့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမကတော့ သူမကိုယ်တိုယ် ပျော်ရွှင်မယ်လို့ ယုံကြည်တဲ့လမ်းကို ရွေးခြယ်ထားပြီး သာယာပျော်ရွှင်တဲ့ ဘဝလေးကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းနေတာပါ။
ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအယာလေးတွေနဲ့ Tiktok ကစားထားတဲ့ ဗီဒီယိုလေးတွေကို မထက်က သူမရဲ့လူမှုကွန်ယက်မှာ အမြဲလိုလို ဝေမျှပေးလေ့ရှိတဲ့ မထက်ကတော့ လတ်တလောမှာ “တင့်တင့်တို့အရွယ်” သီချင်းလေးနဲ့ ကြွကြွရွရွလေး ကထားတဲ့ ဗီဒီယိုကို ဝေမျှပေးထားပါသေးတယ်။ချစ်ပရိသတ်တွေအတွက် မထက်ရဲ့ ချစ်စရာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
မထက်ရဲ့ကောက်ကြောင်းအလှကတော့ တကယ့်မိန်းကလေးတွေတောင် ထိုင်ငိုသွားနိုင်လောက်တယ်နော်…
အမြဲလိုလို လန်းဆန်းနေတဲ့ မထက်ရဲ့ ဗီဒီယို
မထက်ကတော့ သူမကျွမ်းကျင်တဲ့ မိတ်ကပ်ပညာနဲ့ အသက်မွေးနေတာဖြစ်ပြီး အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးအနေနဲ့ ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။ မိန်းကလေးတစ်ဦးထက်တောင် လှပကျော့ရှင်းတဲ့ မထက်ကတော့ ကြော်ငြာတွေ ရိုက်ကူးရေးတွေလည်း ပြုလုပ်နေတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း အသည်းယားဖွယ် အမူအယာလေးတွေနဲ့ Tik Tok ကစားနေတဲ့ မထက်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit-Momolay