ပရိသတ်တွေရဲ့ အသည်းလေးဖြစ်တဲ့ ပန်းရောင်ခြယ်တစ်ယောက်ကတော့ ငါးထပ်ကွမ်းချန်ပီယံဖြစ်သွားလို့ တော်တော်လေးကို ပျော်နေပါတယ်နော်။ သီချင်းခွေတွေထွက်ရှိထားပြီး အနုပညာမျိုးရိုးလည်းရှိတဲ့ ပန်းရောင်ခြယ်တစ်ယောက်ကို ခုနောက်ပိုင်း ဝန်းရံသူတွေအရမ်းများလာပါတယ်။ ဝါရင့်အဆိုတော် ဂရေဟမ်ရဲ့သမီးဖြစ်သူ ပန်းရောင်ခြယ်ဟာ ဖခင်ဖြစ်သူရဲ့ အမွေတွေကို ၁၀၀% ရရှိထားသူလည်းဖြစ်ပါတယ်။
ဖခင်နဲ့အတူ ပထမဆုံးအခွေထွက်ရှိလာပြီး ပရိသတ်တွေကြား လူသိများခဲ့တဲ့အပြင် ခုနောက်ပိုင်း ယောက်ကျားလေးပရိသတ်တွေရဲ့ ဝန်းရံမှုတွေကိုပါ ရရှိထားသူပါ။ ပန်းရောင်ခြယ်တစ်ယောက် ယနေ့မှာတော့ မျှော်လင့်မထားဘဲ ဝင်ပြိုင်ဖြစ်တဲ့ မိသားစုပြိုင်ပွဲလေးမှာ ၅ ထပ်ကွမ်းချန်ပီယံဖြစ်ခဲ့လို့ ပျော်နေပါတယ်။
ထိုပြိုင်ပွဲလေးကိုတော့ ပန်းရောင်ခြယ်က ညီမဖြစ်သူ ပန်းသွန်းခြယ်၊ ဖူးဖူးသစ်၊ ပိုပိုဟေသာ တို့နဲ့အတူ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ “မထင်မှတ်ဘဲ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ရာ “P To The Four” (ပန်းသွန်းခြယ်၊ ဖူးဖူးသစ်၊ ပိုပိုဟေသာ၊ ပန်းရောင်ခြယ်) တို့ မထင်မှတ်ဘဲ ၅ ထပ်ကွမ်း ချန်ပီယံဖြစ်ခဲ့သည် . . နိုဝင်ဘာလထဲလောက် လွှင့်မယ်လို့ပြောပါတယ် 💖” ဆိုပြီး သူမအကောင့်လေးကနေ ကြွားထားပါသေးတယ်နော်။Congratulation ပါ ပန်းရောင်ခြယ်ရေ…We Love Cele
Photos-Pan Yaung Chel