သရုပ်ဆောင်မင်းသွေးရဲ့ ရက်လည်ကို ဒီကနေ့ မနက်ပိုင်းက သာကေတ၊ ဝါဝါဝင်းအိမ်ယာမှာ ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ညပိုင်းလောက်က ဘောလုံးကစားရင်းနဲ့နှလုံးရပ်သေဆုံးခဲ့တဲ့ သရုပ်ဆောင် မင်းသွေးကို အောက်တိုဘလ ၇ ရက်နေ့ မနက်အစောပိုင်း ၆ နာရီခွဲလောက်မှာ သဂြိုလ်ခဲ့ပါတယ်။ ရုတ်တရက်ကွယ်လွန်သွားတာကြောင့် ဒီသတင်းဟာ တစ်နိုင်ငံလုံးကပရိသတ်တွေ တုန်လှုပ်သွားခဲ့ရပါတယ်။
မင်းသွေးဟာ နိုင်ငံကျော်သရုပ်ဆောင် နေတိုးရဲ့ ညီအရင်းတစ်ယောက်ဖြစ်ပြီးအနုပညာအလုပ်တွေလည်း တွဲဖက်လုပ်ကိုင်ခဲ့ကြတဲ့ ညီအကိုတွေဖြစ်ကြပါတယ်။ ညီတစ်ယောက်ဆုံးရှုံးသွားပေမယ့်လည်း ဟန်မပျက် အားတင်းပြီး ညီဖြစ်သူအတွက် ဝေယျာဝစ္စတွေကို မကျန်ခဲ့ရလေအောင် ဦးဆောင် လုပ်နေသူလည်းဖြစ်ပါတယ်။ မင်းသွေးကို ၇ ရက်နေ့မှာ သဂြိုလ်ပြီးနောက်မှာတော့ ညပိုင်းမှာပဲ ကုသိုလ်ပြုအလှူလုပ်ခဲ့ပါသေးတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ မင်းသွေးရဲ့ရက်လည်နေ့ကို သာကေတမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မင်းသွေးရဲ့ချစ်သူဟာ မင်းသွေးရဲ့ နောက်ဆုံးခရီးဖြစ်တဲ့ ဈာပနအခမ်းအနားကိုလည်း ဝမ်းနည်းဖွယ်မျက်ရည်တွေနဲ့ လာရောက်ခဲ့တာဖြစ်ပြီး ယနေ့ မင်းသွေးရဲ့ ရက်လည်ဆွမ်းသွပ်တရားနာ နေ့မှာလည်း ညိုးငယ်သောမျက်နှာနဲ့ တွေ့ရှိခဲ့ရပါတယ်။ ချစ်သူတစ်ယောက် ၊ သားတစ်ယောက်ဆုံးရှုံးသွားခဲ့တဲ့ မိသားစုအပူတွေကို မျိုသိပ်ပြီး သွားလေသူအတွက် ကုသိုလ်ရရှိအောင် ပြုလုပ်ပေးနေတဲ့ ရက်လည်ဆွမ်းသွပ်တရားနာတဲ့ပုံရိပ်လေးတွေကို ဖော်ပြလိုက်ပါတယ်။We Love Cele
Photos-Cele Yatkwat