မိုးယံဇွန်တစ်ယောက် ဘောလုံးအကျီင်္တစ်ထည်ကိုင်ပြီး ဝမ်းနည်းနေခဲ့ပါတယ်။ သူနဲ့ ဘောလုံးအတူကန်ခဲ့တဲ့ အသင်းဖော်၊ ဗီဒီယို ရုပ်ရှင်တွေ တွဲရိုက်ခဲ့တဲ့ အနုပညာမောင်နှမ၊ ဝမ်းနည်းချိန်၊ ဝမ်းသာချိန် အတူမျှဝေ ပျော်ရွှင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် အားလုံးကို နှုတ်ဆက်သွားခဲ့တာကြောင့်ပါ။ အနုပညာရှင်တိုင်းက မင်းသွေးနဲ့ အမှတ်တရပုံလေးတွေ တင်ထားတိုင်း ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်နေကြရဆဲပါ။
မင်းသွေးတစ်ယောက် သူချစ်တဲ့ ဘောလုံးကစားရင်း နှလုံးရှော့ဖြစ်ပြီး ဆုံးပါးသွားခဲ့တာ ဒီနေ့နဲ့ဆို ၇ ရက်ရှိခဲ့ပါပြီ။ မင်းသွေးဆိုရင် အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေအကုန်လုံးကို ထားသွားခဲ့တာ ခုချိန်ထိ လက်မခံနိုင်အောင်ပါပဲ။ ဒီနေ့မှာ မင်းသွေးနေထိုင်ခဲ့တဲ့ သာကေတ၊ ဝါဝါဝင်းအိမ်ယာအပြင် ဖူဆယ်ဘောလုံးကွင်းမှာပါ မင်းသွေးအတွက် ရက်လည်ဆွမ်းသွပ်တရားနာကို ပြုလုပ်ပေးခဲ့ကြပါတယ်။
မိုးယံဇွန်တစ်ယောက်ကတော့ ဒီနေ့မှာ စိတ်မကောင်းစရာ စာလေးနဲ့အတူ ပုံတစ်ပုံတင်ထားခဲ့ပါတယ်။ အဲဒါကတော့ ဘောလုံးအကျီင်္တစ်ထည်ဖြစ်ပြီး ဒီလိုစာတွေရေးသားထားတဲ့ အကျီင်္မျိုးဝတ်ရလိမ့်မယ်လို့ သူ့ဘဝမှာ ဘယ်သောအခါမှ မတွေးမိခဲ့ဘူးလို့ ဆိုထားပါတယ်။ မိုးယံဇွန်တို့ သူငယ်ချင်းတစ်ဖွဲ့လုံးဟာ ရွှေဘိုမြို့ကိုသွားရောက်နေကြတာဖြစ်ပြီး ဘောလုံးကန်ဖို့အတွက် သွားနေကြတာလို့သိရပါတယ်။
ထိုဘောလုံးပွဲမှာတော့ မင်းသွေးကို ဝမ်းနည်းခြင်းအမှတ်တရအနေနဲ့ မင်းသွေးအတွက် ဝမ်းနည်းခြင်းအမှတ်တရ ဆိုတဲ့ စာသားလေးနဲ့ အကျီင်္ကို ဝတ်ဆင်ပြီး ကန်ကြမှာဖြစ်ပါတယ်။ We Love Cele
သူငယ်ချင်းမင်းသွေးအတွက် အမှတ်တရ ဗီဒီယို
Photos-Moe Yan Zun