ပရိသတ်တွေချစ်ရတဲ့ မင်းသွေးတစ်ယောက် အားလုံးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ ငြိမ်းချမ်းတဲ့ဘုံဘဝမှာ ရောက်ရှိနေပြီဖြစ်ပေမယ့် ကျန်ခဲ့တဲ့သူတွေမှာတော့ အပူတွေနဲ့ လွမ်းဆွတ်တမ်းတနေကြရတုန်းပါပဲ။ မင်းသွေးရဲ့ ရက်လည်ဆွမ်းသွပ်တရားနာကို ယနေ့မှာပြုလုပ်ခဲ့ပြီးတော့ မင်းသွေးအမေ ဖြစ်သူက ရင်တွင်းခံစားချက်တွေနဲ့ သားရဲ့အခန်းလေးတွေကို လိုက်ပြထားတဲ့ ဗီဒီယိုလေးတွေ လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတော့ စိတ်မကောင်းထပ်ဖြစ်ကြရပြန်ပါတယ်။
အသက်ရှိစဉ်ကာလမှာလည်း လူချစ်၊ လူခင်ပေါများလှတဲ့ မင်းသွေးကို ကလေးအစ၊ လူကြီးအဆုံးအကုန်လုံး ချစ်ခင်ကြတာ တွေ့ရပါတယ်။ အနုပညာရှင်ဖြစ်ပေမယ့် ပွင့်လင်းတဲ့အပြော၊ ရိုးသားတဲ့စိတ်ထား၊ မာနမရှိတဲ့အပြုံးတို့ကြောင့် ပရိသတ်တွေက ပိုပြီးချစ်ခင်အားပေးနေကြတာဖြစ်တဲ့အပြင် အနုပညာရှင်မောင်နှမတွေအပေါ် သူငယ်ချင်းတစ်ယောက်ရဲ့ စိတ်ဓာတ်အပြည့်အဝထားခဲ့တဲ့အတွက်ကြောင့်လည်း သူငယ်ချင်းတွေတိုင်းက မင်းသွေးကွယ်လွန်သွားမှုအတွက် နှမြောတသဝမ်းနည်းခဲ့ကြရတာပါ။
အသက်ရှင်စဉ်အချိန်တွင်းမှာလည်း သမီးလေးတစ်ယောက်လို ချစ်မြတ်နိုးခဲ့တဲ့ ကလေးလေးတစ်ယောက်ရှိတယ်လို့သိရပါတယ်။ သူကတော့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ရဲ့သမီးဖြစ်ပြီးတော့ သမီးလေး ပြိုင်သုခ (ခ) Ike ပဲဖြစ်ပါတယ်။ သူငယ်ချင်းရဲ့သမီးလေးကို သူ့ရဲ့သမီးလေးတစ်ယောက်လို ချစ်တတ်ခဲ့သူပါ။
ပြိုင်သုခလေးကတော့ မင်းသွေးကွယ်လွန်သွားတာကြောင့် လွမ်းသူ့ပန်းလေးနဲ့အတူ ဝမ်းနည်းကြောင်းရေးထားတာလေးကို ပေါ်ပြူလာဂျာနယ်ရဲ့ Video ထဲက မင်းသွေးအခန်းလေးမှာ တွေ့လိုက်ရတာဖြစ်ပါတယ်။ သူ့ကိုချစ်တဲ့သူတွေ အများကြီးရှိနေပေမယ့် မင်းသွေးတစ်ယောက်ကတော့ ဘယ်တော့မှ ပြန်လာနိုင်တော့မှာမဟုတ်တော့ပါဘူး။ ကောင်းရာဘုံဘဝမှာ ရောက်ရှိနေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။We Love Cele
Photos-Kyaw Kyaw Bo