• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

ကျွန်တော်မသေဘူး နတ်ပြည်ကနေပြန်ဆင်းလာတာဆိုပြီး ပြောခဲ့တဲ့ မင်းသွေးရဲ့ စိတ်မကောင်းဖွယ် ဗီဒီယို

We Love Cele by We Love Cele
October 10, 2018
in အနုပညာ
0

နိုင်ငံကျော်အဆိုတော် သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ မင်းသွေးဟာ အောက်တိုဘာလ ၃ ရက်နေ့က ရုတ်တရက်နှလုံးရှော့ဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ အောက်တိုဘာလ (၇) ရက်နေ့မှာတော့ မင်းသွေးရဲ့ ကျန်ရှိတဲ့ရုပ်ကလာပ်ကို မီးသဂြိုလ်ခဲ့ကြပြီး မနေ့က (၉) ရက်နေ့မှာတော့ သာကေတ၊ ဝါဝါဝင်းအိမ်ယာမှာနဲ့ ဖူဆယ်ဘောလုံးကွင်းမှာ ရက်လည်ဆွမ်းသွပ်တရားနာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မင်းသွေးကို ချစ်ကြခင်ကြတဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေအားလုံးဟာ မင်းသွေးရဲ့ ရုတ်တရက်ကွယ်လွန်သွားခြင်းအပေါ် ယနေ့အချိန်ထိ လက်ခံယုံကြည်နိုင်ဖို့ ခက်ခဲခဲ့ကြပါတယ်။ စိတ်ထားကောင်းပြီး ပွင့်လင်းတတ်တဲ့ အနုပညာရှင်တစ်ယောက်၊ မာနမရှိတဲ့ အပြုံးတွေနဲ့ အနုပညာရှင်တစ်ယောက် အနုပညာလောကကနေ စောစောစီးစီးကြွေလွင့်သွားခဲ့ရတာ ဆုံးရှုံးမှုတစ်ခုပါပဲ။

ဒီလိုရုတ်တရက်မသေဆုံးမီအချိန်ကတောင် မင်းသွေးတစ်ယောက် ရိုက်ကွင်းမှာ ကားအက်စီးဒင့်ဖြစ်ခဲ့ပါသေးတယ်။ ပြင်းပြင်းထန်ထန် ကားအက်စီးဒင့်ဖြစ်ခဲ့တာတောင် ဘာသွေးထွက်သံယိုမှ မဖြစ်ခဲ့တဲ့ မင်းသွေး မထင်မှတ်ထားတဲ့အချိန်မှာပဲ လောကကြီးကနေ ထာဝရထွက်ခွာသွားခဲ့တာပါ။ မကြာခဏ ပရိသတ်တွေနဲ့ တရင်းတနှီး Live လွှင့်စကားပြောခဲ့တဲ့မင်းသွေးရဲ့ Live ဗီဒီယိုလေးကလည်း ပရိသတ်တွေကြား စိတ်မကောင်းစရာဖြစ်နေပါတယ်။ ထိုဗီဒီယိုလေးထဲမှာ မင်းသွေးက ကျတော်မသေဘူး နတ်ပြည်က ပြန်ဆင်းလာတာလို့ ပြောခဲ့လို့ ပရိသတ်တွေက အဲဒီအတိုင်းလေးဖြစ်ရင် ပိုကောင်းမှာပဲလို့ နှမြောတသစွာနဲ့ ဝမ်းနည်းနေကြတာပါ။We Love Cele

ကျတော်မသေဘူး….

Video Source-Aye Myat Mon

Previous Post

အကောင်း အဆိုးတွေဒွန်တွဲခဲ့တဲ့ အတိတ်က ဘဝအကြောင်းကို သင်ခန်းစာရအောင် ပြောပြလိုက်တဲ့ နေခြည်ဦး

Next Post

မသေကောင်း မပျောက်ကောင်း အသက်ဘေးနဲ့ ကြုံခဲ့ရတဲ့ နိုင်းဝမ်း

Next Post

မသေကောင်း မပျောက်ကောင်း အသက်ဘေးနဲ့ ကြုံခဲ့ရတဲ့ နိုင်းဝမ်း

အမအိမ်လုံးချင်းတိုက်လားလို့ လာလာမေးတဲ့သူတွေကို ပွင့်ပွင့်လင်းလင်း ပြန်ပြောခဲ့တဲ့ မေပန်းချီ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!