သရုပ်ဆောင်အဆိုတော် ဟိန်းမင်းသူဟာ မိန်းကလေးပရိသတ်တွေကြား အထူးရေပန်းစားလှတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ကမ္ဘာကျော် Justin Bieber နဲ့တူတာကြောင့် ပရိသတ်များအထူးသတိထားမိခဲ့ကြတာဖြစ်ပြီး မိန်းကလေးပရိသတ်တော်တော်များများကို ရရှိထားသူဖြစ်ပါတယ်။
မကြာသေးခင်ကမှ Heart Attack ဖြစ်ပြီး ဆေးရုံအရေးပေါ်တင်လိုက်ရတဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာတင်ပြီးတဲ့နောက် ပရိသတ်တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာကို ခံနေရတာဖြစ်ပါတယ်။ သရုပ်ဆောင်ဟိန်းမင်းသူဟာ ထိုကိစ္စနဲ့ပတ်သက်ပြီး သူကိုယ်တိုင် တကယ်ဖြစ်ခဲ့တဲ့အကြောင်းကိုရှင်းပြခဲ့တဲ့အပြင် Medical Checkup လုပ်ထားတာတွေကိုပါ တွဲတင်ပြီး ရှင်းပြခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ ဟိန်းမင်းသူရဲ့အကောင့်အဟက်ခံခဲ့ရတာဖြစ်ပါတယ်။ ဟက်သွားသူဟာ ဟိန်းမင်းသူရဲ့ ချက်ဘောက်ထဲက SS တချို့နဲ့အတူ ဓာတ်ပုံတွေကို ထုတ်ပြထားတာလည်းဖြစ်ပါတယ်။ ဒီထဲမှာတော့ ဟိန်းမင်းသူရဲ့ လက်ရှိတွဲနေတဲ့ချစ်သူနဲ့ပုံတွေ ပါ အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဟိန်းမင်းသူတို့စုံတွဲပုံတွေကို အကောင့်ကနေ Public တင်ထားခဲ့တာလည်းဖြစ်ပါတယ်။We Love Cele
Source-Hein Min Thu