• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

နှင်းအိရွှေရည်ကို ၆၆(ဃ)နဲ့ အမှုဖွင့်လိုက်တဲ့ စိုးနန္ဒာကျော်

We Love Cele by We Love Cele
October 11, 2018
in အနုပညာ
0

သရုပ်ဆောင် နှင်းအိရွှေရည်က တရားစွဲဆိုထားတာကြောင့် ပထမရုံးချိန်းကို သရုပ်ဆောင် မင်းထက်နဲ့စိုးနန္ဒာကျော်တို့ လာရောက်ခဲ့ကြပါတယ်။ တိုင်ကြားချက်အရ ပြစ်မှုကျူးလွန်တယ်လို့ယူဆရတဲ့ နေရာဟာ အရှေ့ဒဂုံမှာမဟုတ်ဘဲနဲ့ ဘားအံမှာဖြစ်ခဲ့တဲ့အတွက် အရှေ့ဒဂုံတရားရုံးမှာစီရင်ပိုင်ခွင့်မရှိဘူးလို့ သိရတဲ့အတွက် ဒီနေ့ရုံးချိန်းမှာလျှောက်ထားခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဒီနေ့မှာတော့ စီရင်ပိုင်ခွင့်ရှိတဲ့နေရာကို လျှောက်ထားတဲ့ကိစ္စတွေပဲ ဒီနေ့မှာဆောင်ရွက်ခဲ့တာဖြစ်ပြီး လာမယ့် ၂၂ ရက်နေ့မှာတော့ ဒုတိယရုံးချိန်းအတွက် ထပ်မံချိန်းဆိုခဲ့တာဖြစ်ပါတယ်။သရုပ်ဆောင် စိုးနန္ဒာကျော်ဟာ ယခုလက်ရှိမှာတော့ နှင်းအိရွှေရည်ကို ပုဒ်မ ၆၆(ဃ) နဲ့အမှုဖွင့်ထားတာဖြစ်ပါတယ်။ အမှုဖွင့်ထားခြင်းဟာ ရန်ကုန်မှာမဟုတ်ဘဲ ပုသိမ်ကနေအမှုဖွင့်ဆိုထားခြင်းလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သရုပ်ဆောင် မင်းထက်က

“မှန်ပါတယ် ၆၆ (ဃ) နဲ့ကျတော်တို့ဖွင့်ထားတာပါ။ ပုသိမ်ရဲစခန်းကနေ အမှုဖွင့်ထားတယ်။ ကျတော်ဖွင့်တာမဟုတ်ဘူး။ ကျတော့်ရဲ့ဇနီးစိုးနန္ဒာကျော်က ဖွင့်တာပါ။ သူ့အပေါ်ကို အမျိုးမျိုးသွားပုတ်လေလွင့်တိုက်ခိုက်ထားတဲ့အရာတွေနဲ့ပတ်သက်လို့ သူ့ဘက်ကလည်း တရားဥပဒေအတိုင်း သူ့ဂုဏ်သိက္ခာအရ ပြန်လည်ဖြေရှင်းဖို့လိုအပ်တဲ့အတွက် သူဒီအမှုကိုဖွင့်ရခြင်းဖြစ်ပါတယ်။”

“ဘာကြောင့်ဆွဲဖြစ်လဲဆိုတော့ ခုနက ကိုမင်းထက်ပြောတဲ့အတိုငိးညီမကို သွားပုတ်လေလွင့်နဲ့အမျိုးမျိုးပြောဆို တိုက်ခိုက်ထားတာတွေရှိတယ်။ အဲဒီအရာတွေအတွက်ကို ညီမရဲ့ဂုဏ်သိက္ခာတရားအတွက် ပြန်လည်ပြီးတရားစွဲဆိုသင့်တယ်ထင်လို့ ဥပဒေကြောင်းအရ အရေးယူခဲ့တာပါ။ ပုဒ်မကတော့ တစ်ခုတည်းပါ ၆၆ (ဃ) နဲ့ပါ။”

“ပုသိမ်ကနေဘာလို့ဆွဲဖြစ်တာလဲဆိုတော့ ကျတော်တို့ ပုသိမ်ကိုရောက်နေတယ်။ စိုးနန္ဒာကျော်ကို တိုက်ခိုက်စွပ်စွဲထားတာတွေတင်ထားတဲ့အချိန်မှာ ကျတော်တို့ ပုသိမ်မှာရှိနေတယ်။ ပြီးတော့ အဓိက စိုးနန္ဒာကျော်ကို ဒီလိုမျိုးတင်ထားပါတယ်ဆိုပြီးသတင်းပေးတဲ့ ညီမလေးကလည်း မြောင်းမြမှာနေတယ်။ မြောင်းမြကနေပြီးတော့ ပုသိမ်ကိုလှမ်းပြောပြီးတော့ ကိုယ်တိုင်လည်းတက်လာပြီးတော့လာပြတော့ အဲဒီအချိန်မှာ ဘယ်မှာတိုင်ကြားရမလဲ တတ်သိနားလည်တဲ့ဥပဒေပညာရှင်နဲ့ မေးမြန်းစုံစမ်းတဲ့အချိန်မှာ ပုသိမ်ကပဲဆွဲရမယ်ဆိုတဲ့ဟာမျိုးဖြစ်တဲ့အတွက် ကျတော်တို့ရှိတဲ့နေရာကနေ အမှုဖွင့်လိုက်တာပါ တရားစွဲတာမဟုတ်ဘူး။” လို့ မင်းထက်က ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။We Love Cele

မှတ်ချက်-Sunday Journal အင်တာဗျူးဖြေကြားချက်မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

အကောင့်အဟက်ခံရပြီး သရုပ်ဆောင်ဟိန်းမင်းသူတို့ ချစ်သူနှစ်ဦး ပုံရိပ်များ ထွက်ပေါ်

Next Post

အကောင့်ဟက်ခံရပြီး လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတဲ့ ဟိန်းမင်းသူနဲ့ အုပ်စိုးခန့်တို့ရဲ့ အချစ်ရေး

Next Post

အကောင့်ဟက်ခံရပြီး လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတဲ့ ဟိန်းမင်းသူနဲ့ အုပ်စိုးခန့်တို့ရဲ့ အချစ်ရေး

ပရိသတ်တွေ ငြိမ်းချမ်းစေဖို့အတွက် ဆုတောင်းပေးလိုက်တဲ့ ​နေတိုး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!