ဒီကနေ့ မနက်ပိုင်းမှာ အဆိုတော်ဟိန်းမင်းသူရဲ့အကောင့်ကိုဟက်ကာတစ်စုက ဟက်သွားခဲ့တာဖြစ်ပြီး သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လူမှုကွန်ယက်အကောင့်ပေါ် တင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုတင်ခဲ့တာကြောင့်ဟိန်းမင်းသူနဲ့ အုပ်စိုးခန့်တို့ရဲ့ အချစ်ရေးတွေဟာ ပရိသတ်တွေကြား တမဟုတ်ချင်းပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။
အုပ်စိုးခန့်ဟာလည်း သရုပ်ဆောင်တစ်ဦးဖြစ်ပြီးတော့ မကြာသေးခင်အချိန်တွေကပဲ ယွန်းယွန်းနဲ့ အထင်လွဲခံခဲ့ရပါသေးတယ်။ ဒီသတင်းတွေကို နှစ်ဦးလုံးက ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပြီးတော့ အဲ့အချိန်တုန်းကလည်း အုပ်စိုးခန့်ရဲ့အကောင့်ဟက်ခံရခြင်းမှ ပရိသတ်တွေကြားပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။ ခုတစ်ကြိမ်မှာတော့ အုပ်စိုးခန့်နဲ့ ဟိန်းမင်းသူတို့ ချက်ထားတဲ့ Screenshot တော်တော်များများကို ဟက်ကာတွေမှ ချပြခဲ့တာဖြစ်ပါတယ်။
ဒီလိုသတင်းတွေပျံ့နှံ့သွားတာကြောင့် အုပ်စိုးခန့်နဲ့ ဟိန်းမင်းသူတို့က ပရိသတ်တွေက လိင်တူချစ်ကြိုက်နေကြတာလားဆိုပြီး မှတ်ချက်ပေးပြောနေကြပေမယ့် အုပ်စိုးခန့်ဘက်ကတော့ တရားဝင်ဖြေရှင်းထားခြင်းမရှိပါဘူး။ အုပ်စိုးခန့်ကို Gay ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ပြောဆိုနေကြသူတွေကို အုပ်စိုးခန့်ကတော့ Mystory ကနေပြီး ရှင်းလိုက်ပါတယ်။ အုပ်စိုးခန့်ကတော့ သူ့ရဲ့ My Story ကနေပြီးတော့ Gay ထင်တဲ့သူတွေကို ပြန်လည်ချေပထားတာဖြစ်ပါတယ်။ အုပ်စိုးခန့်နဲ့ ဟိန်းမင်းသူတို့ရဲ့အချစ်ရေးဟာ တကယ်လားဆိုတာကိုလည်း ပရိသတ်တွေ စိတ်ဝင်စားလျက်ရှိနေပါတယ်။We Love Cele
Photos-Oak Soe Khant