အဆိုတော် ဟိန်းမင်းသူ တစ်ယောက် ယနေ့ ညပိုင်းမှာ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိနေကြောင်းသိရပါတယ်။ ဟိန်းမင်းသူရဲ့ အကောင့်ကို မနက်ပိုင်းမှာ ဟက်ခဲ့ကြပြီးတော့ ဟိန်းမင်းသူတို့ပြောထားတဲ့ ချက်လစ်တွေကို လူမှုကွန်ယက်ပေါ်တင်ခဲ့တာကြောင့် အဆိုတော်ဟိန်းမင်းသူ စိတ်ထိခိုက်ပြီး ယခုလို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဆိုတော်ဟိန်းမင်းသူနဲ့ပတ်သက်တဲ့အချက်အလက်တွေဟာ Public ပေါ် တင်ခံရပြီးနောက် စိတ်ထိခိုက်ခဲ့တဲ့ ဟိန်းမင်းသူတစ်ယောက် ဘာမီတွန်ဆေးတွေကို သောက်ခဲ့တာကြောင့် ယခုလက်ရှိ အရေးပေါ်ဌာနမှာ ရောက်ရှိနေတယ်လို့ Tyron Bejay အကောင့်ကနေပြီးတင်ထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မယုံကြည်ကြမှာစိုးရိမ်တဲ့အတွက်ကြောင့် ဟိန်းမင်းသူ ဆေးရုံရောက်နေကြောင်းကို Live လွှင့်ပေးခဲ့တာဖြစ်ပါတယ်။ အမြန်ဆုံးပြန်လည်ကျန်းမာလာပါစေ ဟိန်းမင်းသူရေ….
Photos-Facebook