ဟိန်းမင်းသူအကောင့်အဟက်ခံခဲ့ရတာကြောင့် အနုပညာရှင်အချို့နဲ့ ချက်ထားတဲ့ ချက်လစ်တွေ လူမှုကွန်ယက်ပေါ်ပျံ့သွားပြီး Troll ခံနေရသူတွေထဲမှာ တိုင်ရွန်လည်းပါဝင်ခဲ့ပါတယ်။ ဟိန်းမင်းသူဟာ နှလုံးရှော့ဖြစ်ပြီး ဆေးရုံရောက်ခဲ့တယ်ဆိုတဲ့ ပို့စ်ကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီကိစ္စကို ဖြေလျှော့ဖို့အတွက် တိုင်ရွန်က အလှူတစ်ခုလုပ်ပြီး လူတွေကိုချော့မှရမယ်ဆိုတဲ့ စကားကြောင့် တိုင်ရွန်ကို ပရိသတ်တွေက Troll တွေလုပ်ခဲ့ကြတာပါ။
မနေ့ညက ယခုလို ဝေဖန်တိုက်ခိုက်မှုတွေပြင်းထန်တာကြောင့် ကာယကံရှင်ဖြစ်တဲ့ ဟိန်းမင်းသူတစ်ယောက် မခံစားနိုင်တော့ဘဲ ဘာမီတွန် တစ်ဗူးလုံးကို သောက်ပစ်တာကြောင့် အရေးပေါ်ဌာနကို ရောက်ရှိသွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ယခုလို ဖြစ်ရပ်မျိုးဖြစ်သွားတဲ့အတွက် တိုင်ရွန်တစ်ယောက် စိတ်ထိခိုက်ခဲ့ရပါသေးတယ်။ ဟိန်းမင်းသူ ယခုလိုဖြစ်နေတဲ့အကြောင်းကိုလည်း သူ့ရဲ့အကောင့်ကနေပဲ Live လွှင့်တင်ပေးခဲ့ပြီး လာရောက်ဆဲဆိုနေကြသူတွေကို တိုင်ရွန်တစ်ယောက် ပြန်ဆဲခဲ့မိတာဖြစ်ပါတယ်။
အနုပညာရှင်တစ်ယောက်အနေနဲ့ယခုလို ပြန်ဆဲခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ဆက်လက်ခံခဲ့ရပြီးနောက်မှာတော့ တိုင်ရွန်တစ်ယောက် ဒီမနက်မှာ ပရိသတ်တွေကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။ မနေ့ညက ဆဲခဲ့မိတာကလည်း သူငယ်ချင်းဇောကြောင့်မို့ဖြစ်ပြီးတော့ဟိန်းမင်းသူမှာလည်း ယခုပြန်လည်သက်သာလာပြီဖြစ်ကြောင်းကိုပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း သူ့ကို Troll နေကြသလို အလှူအဒါန်းတွေ အများကြီးလုပ်သွားမယ်လို့လည်း အသိပေးခဲ့ပါတယ်။We Love Cele
Source-Tyron Bejay