• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

ဇွတ်ကျားနေကြတဲ့ အပုန်းလောကအကြောင်းကို ရှင်းပြလိုက်တဲ့ အလင်းသခင်

We Love Cele by We Love Cele
October 12, 2018
in Facebook
0

အလင်းသခင်ကတော့ LGBT တွေ ဘာကြောင့်စော်ကားခံနေရတာလဲ ဆိုတာနဲ့ပတ်သက်ပြီး ပြောပြလာပါတယ်။

အလင်းသခင်က ခုနောက်ပိုင်းမြန်မာနိုင်ငံမှာ LGBT တွေများလာတဲ့အကြောင်းနဲ့ ယောက်ကျားချင်းချင်း၊ မိန်းမချင်းချင်းကြိုက်တဲ့သူတွေ တော်တော်များလာပါတယ်လို့ ဆိုပါတယ်။ သူရဲ့ ပေ့ခ်ျပေါ်မှာ နောက်ဆုံးတင်ခဲ့တဲ့ဗီဒီယိုဟာလည်း LGBT တွေအကြောင်း ရိုက်ထားတာဖြစ်တဲ့အကြောင်းပြောထားပါသေးတယ်။

“ဒီနောက်ပိုင်း ယောက်ကျားချင်းချင်းကြိုက်တာများလာတယ်။ မသိရင် Fan တွေဘက်ကတဆင့်ကြည့်မယ်ဆိုရင် ကိုယ်တွေလိုမျိုးဖေ့ဘုတ်ပေါ်မှာ အခြောက်မပါ အခြောက်လုပ်နေပါတယ်လို့ ပြောနေတဲ့သူကိုကျ ဝိုင်းပြီးဆဲကြတယ်။ ထွီအခြောက်မကြီးရွံ့လိုက်တာ။ အခြောက်လိုဝတ်ပြီး အခြောက်မလို့ပြောနေတဲ့ဟာကို အခြောက်လားဆိုပြီး အမျိုးမျိုးကဲ့ရဲ့ကြတာပေါ့နော်။ ခုရယ်ချင်တာက သူတို့အရမ်းချစ်ပါတယ်၊ အရမ်းကြိုက်ပါတယ်ဆိုတဲ့သူက ကိုယ်တွေလိုမျိုး ညီမအချင်းချင်း အခြောက်အချင်းချင်းဖြစ်နေတဲ့အခါကျရင် ဘယ်လိုခံစားရမလဲ။ သူတို့ကြိုက်ပါတယ်ဆိုတဲ့ Crush ယောက်ကျားကြီးပါဆိုတဲ့သူက ခြောက်နေတယ်ပေါ့နော်။ အဲဒါဆိုရင်သူတို့ဘယ်လိုခံစားရမလဲ ဘယ်လိုဆက်လုပ်မလဲ ပြောဦးမှာလား အခြောက်ကြီးပါဆိုပြီးတော့။ အဲလိုမျိုးကျ မပြောတော့ဘူးအမျိုးမျိုးဖာထေးပြီးပြောကြတယ်။”

အလင်းသခင်က မြန်မာနိုင်ငံမှာ LGBT တွေစော်ကားခံရတာ တချို့ဇွတ်ကျားတွေ ရှိလို့ စော်ကားခံရတာလို့ ဆိုပါသေးတယ်။

“ငါယောက်ကျားကြီးပါပေါ့။ ဇွတ်ကျားကြီး အသည်းအသန်တွေကျားကြ၊ စော်ဖိမယ် စော်အုပ်မယ်တွေ အမျိုးမျိုးပြောကြ။ အမှန်နောက်ကွယ်မှာသွားကြည့်လိုက် ယောက်ကျားချင်းချင်းကြိုက်နေကြတာ။ ခုဆိုလည်း ဖေ့ဘုတ်မှာအရမ်းကိုဟစ်ထနေတဲ့ဟာလေးပေါ့ တကယ်လို့သာ မယ့်အကောင့်ကိုဟက်ခံရမယ်ဆိုရင် ဘာမှမထူးဘူးလေ။ သူငယ်ထောင်ထားတာပဲတွေ့မှာ။ ကိုယ်သာ ကိုယ့်ရဲ့အကြောင်းတွေကို ဖော်ပြလိုက်ပြီဆိုရင် ဇွတ်မငြင်းတော့ဘူး။ ဘာလို့လဲဆို မြန်မာနိုင်ငံက ပြောလေ ကဲလေ၊ နမ်းလေ ပြဲလေ ၊ ရှင်းပြလေ ပိုပြီးရှုပ်လေ ဆိုတာမြန်မာနိုင်ငံ။ ဒီနိုင်ငံရဲ့လူတွေအားလုံးက တိုက်ခိုက်ဖို့ရာအဆင်သင့်ပဲ။ ကိုယ်သာအဲလိုချပြခံလိုက်ရရင် ဘယ်လိုလုပ်မလဲဆိုတော့ ကိုယ့်ရည်းစားကိုသိသွားပြီဆိုတော့ စနိုက်မကြော်ကြနဲ့တော့နော်ဆိုပြီး အဲတိုင်းပဲပြောဖို့ရှိတယ် ဇွတ်တွေငြင်းမနေတော့ဘူး ငါယောက်ကျားကြီးပါ လို့ငြင်းနေလည်း လက်ပူးလက်ကြပ်ကြီးမိနေပြီလေနော့်။ ဘူးသီးကြီးမိနေပြီးမှ ဘူးသီးမဟုတ်ပါဘူး ဖရုံသီးလို့ပြောနေလည်းဘာမှမထူးတော့ဘူး။”

နောက်ပြီးတော့ အလင်းသခင်က တစ်ဖက်သားကိုပုတ်ခတ်မပြောစေချင်ဘူးလို့ဆိုပါတယ်။ မိမိအားပေးတဲ့သူကို အားပေးပြီး အားမပေးတဲ့သူကို မပုတ်ခတ်ဖို့မေတ္တာရပ်ခံထားပါတယ်။ အကယ်လို့ အားပေးတဲ့သူက မိမိပုတ်ခတ်နေတဲ့သူနဲ့ အတူတူပဲ ဆိုရင် ဘယ်လိုခံစားရမလဲလို့ မေးထားပါသေးတယ်။ အောင်မြင်နေတဲ့သူတော်တော်များများမှာလည်း ဇွတ်ကျားနေတဲ့ မော်ဒယ်တွေအများကြီးရှိပါတယ်လို့ အလင်းသခင်က ပြောပြခဲ့ပါတယ်။We Love Cele

မှတ်ချက်-8Days ဂျာနယ်အင်တာဗျူးမှ အလင်းသခင်ရဲ့ဖြေကြားချက်များကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Photos-အလင်းသခင်

Previous Post

ပရိသတ်တွေ အံ့အားသင့်သွားအောင် မိုးရွာရင် မိုးရေချိုးမယ်ဆိုတဲ့ သီချင်းနဲ့ သီဆိုကပြလိုက်တဲ့ အဝင်း

Next Post

မေမေပန်ထက်တောင် အင်္ဂလိပ်စာလုံးအသံထွက်တွေ ပီသအောင် ပြောတတ်နေပြီဖြစ်တဲ့ Roar Roar

Next Post

မေမေပန်ထက်တောင် အင်္ဂလိပ်စာလုံးအသံထွက်တွေ ပီသအောင် ပြောတတ်နေပြီဖြစ်တဲ့ Roar Roar

မင်္ဂလာသတင်းကို အတိအကျပြောပြလိုက်ပြီဖြစ်တဲ့ ဒါရိုက်တာ ဏကြီး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!