• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ ဆိုသလို ညီလေးငယ်အတွက် ဝမ်းနည်းစကားပြောကြားလိုက်တဲ့ နေတိုး

We Love Cele by We Love Cele
October 13, 2018
in အနုပညာ
0

သရုပ်ဆောင်မင်းသွေးဟာ အောက်တိုဘာလ (၃) ရက်နေ့က ဘောလုံးကစားနားနေရာမှ ရုတ်တရက် နှုတ်ဆက်ခွဲခွာသွားခဲ့တာဖြစ်ပါတယ်။ ညီတစ်ယောက်ဆုံးရှုံးသွားပေမယ့်လည်း မျက်ရည်တစ်စက်တောင်မကျအောင် အားတင်းပြီး နေနိုင်ခဲ့တဲ့ နေတိုးရဲ့ ခံနိုင်ရည်ရှိမှုကိုလည်း ပရိသတ်တွေက ဝိုင်းပြီးချီးကျူးခဲ့ရပါတယ်။ သရုပ်ဆောင်နေတိုးဟာ ညီဖြစ်သူရဲ့ နာရေးဝေယျာဝစ္စတွေပြီးဆုံးသွားတဲ့ နောက်မှာတော့ အနုပညာအလုပ်တွေကို ပြန်လည်ပြီး လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ညီလေးငယ် မင်းသွေး ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် သရုပ်ဆောင်နေတိုးကတော့ တရားသဘောနဲ့သာ ကြည့်ပြီး ဖြေသိမ့်နေတာကို တွေ့မြင်နိုင်ပါတယ်။

“ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ လူတစ်ယောက်က ဘယ်အချိန်မဆို ဘဝဆိုတာ ကူးပြောင်းသွားနိုင်တယ်။ ဒီအပေါ်မှာ သံဝေဂတရားတွေယူပြီးတော့ ဖြတ်သန်းတဲ့အချိန်မှာ အကုန်လုံးအပေါ်မှာ မေတ္တာစိတ်နဲ့ ကူညီဖို့တိုက်တွန်းချင်ပါတယ်။”

“ညီလေးငယ်ကို ထွေထွေထူးထူးတော့ ပြောချင်တာမရှိပါဘူး။ ဒါ လူတိုင်းကြုံတွေ့ရမယ့် အရာတစ်ခုပေါ့နော်။ အဲတော့ သူ့အနေနဲ့ ကံတရားပေါ့ ကံကို ကျတော်တို့ယုံတယ်။ သူ့ကံက ဒီလောက်ထိပါလာတယ် ဒါကြောင့်မို့ ဒီလောက်ပဲနေခွင့်ရှိတယ် ဒီလိုပဲယုံကြည်ပါတယ်။ အဓိကကတော့ လူသားတိုင်းက အသက်ရှင်နေတဲ့အချိန်မှာ စိတ်ကောင်းစေတနာကောင်းထားပြီးတော့ သီလဘာဝနာ တရားပွားများ ဖို့ အရေးကြီးပါတယ်။”လို့ ညီဖြစ်သူ ကွယ်လွန်သွားတဲ့အပေါ် တရားသဘောနဲ့ ဖြေသိမ့်ထားတာလေးတွေကို ပြောပြခဲ့ပါတယ်။We Love Cele

Source-Skynet Uptodate အင်တာဗျူးဖြေကြားချက်မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

မင်္ဂလာသတင်းကို အတိအကျပြောပြလိုက်ပြီဖြစ်တဲ့ ဒါရိုက်တာ ဏကြီး

Next Post

စည်​ပင်​ဝန်​ထမ်း​လေးတစ်​​ယောက်​ရဲ့ ရိုးသားမှုကို ဂုဏ်​ပြုစကားဆိုလိုက်​တဲ့ ဟက်​ကက်

Next Post

စည်​ပင်​ဝန်​ထမ်း​လေးတစ်​​ယောက်​ရဲ့ ရိုးသားမှုကို ဂုဏ်​ပြုစကားဆိုလိုက်​တဲ့ ဟက်​ကက်

အရုပ်မလေးလို ကြည့်ပြီး အသည်းတယားယား ဖြစ်နေမယ့် အိအိတုံ သမီးလေးရဲ့ Tik Tok ဗီဒီယို

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!