သရုပ်ဆောင် အိအိတုံရဲ့ သမီးလေးဟာ အရုပ်မလေးလို ချစ်ဖို့ကောင်းတာကြောင့် ချစ်သူ၊ခင်သူများနေတဲ့ အနုပညာရှင်ရဲ့ သမီးလေးတစ်ဦးလည်းဖြစ်ပါတယ်။ မိခင်ဖြစ်သူ အိအိတုံနဲ့ တူတဲ့သမီးလေးဟာ အသားလည်း ဖွေးပြီး၊ မျက်လုံး မျက်ခုံးတွေလည်း ဝိုင်းစက်လှပနေတာကြောင့် အရုပ်မလေးတစ်ရုပ်လို ဖြစ်နေတာလည်းဖြစ်ပါတယ်။
ရှုတင်တွေကြောင့် ခရီးအမြဲထွက်နေရတဲ့ အိအိတုံကတော့ သမီးလေးကို ထားခဲ့ရတာ ဝမ်းနည်းတယ်လို့ ဆိုပါတယ်။ မိခင်တစ်ယောက်ဖြစ်တာကြောင့် သားသမီးအနားမှာပဲ အမြဲရှိနေချင်ပြီးအလုပ်ကိစ္စတွေကြောင့် မဖြစ်မနေ သွားရတာမို့ ပြန်ရောက်တဲ့အချိန်တွေမှာတော့ သမီးလေးကို အမြဲတမ်းအချိန်ပေးဖြစ်တယ်လို့ ပြောပါသေးတယ်။ ဒါ့အပြင် ယခုလို သမီးလေးကို ပရိသတ်တွေက ချစ်ကြတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်နေခဲ့ရသူပါ။ သမီးလေးတစ်ယောက် ယခုလို အသားဖွေးဖွေးလေးနဲ့ ချစ်စရာကောင်းနေတဲ့ အချက်လေးကိုလည်း အိအိတုံက အခြားသော အမျိုးသမီး ကိုယ်ဝန်ဆောင်တွေအတွက်ပါ မျှဝေပေးလိုက်တာဖြစ်ပါတယ်။
“သမီးလေးက အခု အသားအရမ်းဖွေးတယ် အမက နွားနို့လုံးဝ မသောက်ခဲ့ဘူး။ ကိုယ်ဝန်ဆောင်နို့မှုန့်တွေလည်း အမတစ်ခုမှ မသောက်ခဲ့ဘူး။ သမီးက ဖွေးတယ်။ ဒါ လက်ဆင့်ကမ်းရအောင်လို့ တချို့ကိုယ်ဝန်ဆောင်သည်တွေ လုပ်ချင်ရင်ပေါ့။ မအိတုံဘာပဲလုပ်လဲဆိုတော့ ပဋ္ဌာန်းရွတ်တယ်။ ရွတ်တဲ့အချိန်မှာ ဗိုက်ကလေးကိုပွတ်ပြီးတော့ရွတ်တယ်။ ကလေး ကျန်းကျန်းမာမာနဲ့ ကိုယ်လက်အင်္ဂါအစုံမွေးဖို့အတွက် အဲဒါကြောင့် ချောသွားတာထင်တယ်။ ချစ်တဲ့အမြင်နဲ့ ကြည့်ပေးလို့လည်းချောတာနေမှာပါ” လို့သမီးလေးကို မမွေးဖွားခင်က သူမ လုပ်ဆောင်ခဲ့တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။We Love Cele
Source-Myanmar Cele 7 ပေ့ခ်ျမှဖြေကြားချက်အချို့ကိုကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။