ရွှေနှစ်ရွှေ စုံတွဲကတော့ သွားအတူ၊ လာအတူ အမြဲတွေ့ရသလို ခရီးတွေမှာလည်း အမြဲအတူတူထွက်တာကို တွေ့ရပါတယ်။ မကြာသေးခင်ကမှ Relationship တစ်ခုကို အတူတူတည်ဆောက်ထားတဲ့ ရွှေနှစ်ရွှေတို့အတွဲကို အကြောင်းအမျိုးမျိုးဖြင့် ဝေဖန်တိုက်ခိုက်ကြပေမယ့် ရွှေနှစ်ရွှေ အတွဲကတော့ အချစ်မပျက်ခဲ့ကြပါဘူး။
ချစ်သူကို အမြဲချွဲနွဲ့နေတတ်တဲ့ ရွှေမှုန်ရတီတစ်ယောက်ကတော့ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေပြန်ပါသေးတယ်။ ရွှေနှစ်ရွှေ အတွဲရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း သူမတို့ အကောင့်တွေမှာ အမြဲတင်ထားလေ့ရှိပြီး မကြာခဏ Surprise လက်ဆောင်တွေ ပေးပြီး ရိုမန်တစ်ဆန်နေကြတာကိုလည်း တွေ့ရပါတယ်။ တန်ဖိုးကြီးလက်ဆောင်တွေကို အမြဲပေးတတ်တဲ့ ရွှေမှုန်ရတီရဲ့ Surprise တွေကြောင့်လည်း ရွှေထူးမှာ အမြဲပျော်ရွှင်နေရပါသေးတယ်။
ရွှေမှုန်ရတီဟာ အချေမင်းသမီးလေးလို့ ခေါ်ရလောက်အောင် ယုံကြည်မှုအပြည့်ရှိနေတဲ့ မျက်နှာထားကို ပိုင်ဆိုင်ထားသူပါ။ သူမသုံးစွဲနေတဲ့ အသုံးအဆောင်ပစ္စည်းတွေဟာလည်း ကမ္ဘာကျော် Brand တွေကြီးပဲဖြစ်တဲ့အတွက် သိန်းဆယ်ချီနဲ့အထက် ရှိနေပါတယ်။ ဒီလိုအချေမင်းသမီးလေးတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံဟာ လူမှုကွန်ယက်ပေါ်က ပရိသတ်တွေကြား ပျံ့နှံ့နေပြီး အံ့သြသဖွယ် မှတ်ချက်ပေးခံနေရပါတယ်။
ထိုပုံထဲမှာတော့ ရွှေမှုန်ရတီဟာ ရွှေထူးနဲ့အတူ ပုဂံသို့ရောက်ရှိနေတဲ့အချိန်မှာ ရိုက်ကူးထားတာဖြစ်ပြီးတော့ ရွှေထူးနဲ့အတူ E Bike စီးနေတဲ့ဓာတ်ပုံဖြစ်ပါတယ်။ အချေမင်းသမီးလေးလို့ ပရိသတ်တွေက ခေါ်ပေမယ့် ရွှေမှုန်လေးဟာ အဲ့ဒီပုံထဲမှာ ထောင်ကျော်တန် ဂျပန်ဖိနပ်လေးတစ်ရံနဲ့ ပုဂံမြို့ကို ပတ်နေတာပဲဖြစ်ပါတယ်။ ကမ္ဘာကျော် Brand တွေကြီးပဲ သုံးစွဲလေ့ရှိတဲ့ ရွှေမှုန်ရတီကို ဒီလိုဖိနပ်မျိုးစီးလိမ့်မယ်လို့ ပရိသတ်တွေက မထင်မိတာကြောင့် အံ့အားသင့်နေကြတာဖြစ်ပါတယ်။We Love Cele
Photos-Facebook