အရမ်းကို ချစ်ဖို့ကောင်းလွန်းလှတဲ့ မေသံစဉ်လေးကတော့ အနုပညာတစ်ဖက်နဲ့ ကျောင်းတစ်ဖက်နဲ့ မလစ်ဟင်းအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အနုပညာကို ငယ်စဉ်တည်းက ဝါသနာပါသူပီပီ သီချင်းခွေတွေလည်းထပ်မံထွက်ရှိအောင် ကြိုးစားနေတဲ့ အနုပညာရှင်လေးတစ်ဦးပါ။
အသက်ငယ်သေးပေမယ့် အဆိုပါရမီရှိသူတစ်ဦးဖြစ်တဲ့အပြင် သူမသီဆိုထားတဲ့ Cover Song လေးတွေဟာလည်း ပရိသတ်တွေကြားအမြဲ ရေပန်းစားနေတဲ့ သီချင်းလေးတွေလည်း ဖြစ်လာပါတယ်။ မကြာသေးခင်ကမှလည်း ကိုယ်စောင့်နတ်ဆိုတဲ့ Cover Song လေးနဲ့ ပရိသတ်တွေ နှစ်သက်သဘောကျခဲ့တာလည်းဖြစ်ပါတယ်။ဆံပင်တိုတိုလေးနဲ့ ချစ်စရာမျက်နှာပေါက်လေးကို ပိုင်ဆိုင်ထားတဲ့ မေလသံစဉ်ကို အားပေးကြတဲ့ပရိသတ်တွေက အရွယ်သုံးပါးမရွေးပါပဲ။
မေလသံစဉ်ဟာ အနုပညာနဲ့ပတ်သက်လာရင် အဆိုပိုင်းကိုသာမကဘဲ တူရိယာတီးခတ်တဲ့အပိုင်းတွေမှာပါ ကျွမ်းကျင်တဲ့ သူဖြစ်နေပြန်ပါသေးတယ်။ Cover Song တွေကိုလည်း ကိုယ်တိုင်ဂစ်တာတီးပြီး တီဆိုတတ်တဲ့ မေလသံစဉ်ဟာ နောက်ထပ်တတ်မြောက်ထားတဲ့ အနုပညာတစ်ရပ်ကို ချပြလိုက်ပါသေးတယ်။ မနေ့တုန်းက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်ကနေပြီးတော့ ဒရမ်ကိုခပ်ကြမ်းကြမ်း တီးနေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားတာတွေ့ရပြီးတော့ သူမရဲ့ ပရိသတ်တွေက ချီးကျူးအားပေးနေကြတာလည်းဖြစ်ပါတယ်။ ခုလိုမျိုးတူရိယာအစုံကို ကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့ မေလသံစဉ်ကတော့ အနုပညာလောကမှာ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်လာမှာပါ။We Love Cele
Drum ကိုကျွမ်းကျင်ပိုင်နိုင်စွာတီးခတ်ပြနေတဲ့ မေလသံစဉ်
Source-မေလသံစဉ်