• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, August 7, 2022
No Result
View All Result

အုပ်စိုးခန့် အမဖြစ်သူ ခင်ထက်ထက်မောင် နဲ့ ချစ်သူတွေဖြစ်ကြောင်း ပြောကြားလိုက်တဲ့ ဟိန်းမင်းသူ

We Love Cele by We Love Cele
October 14, 2018
in အနုပညာ
0

ဘာမီတွန် တစ်ဗူးလုံးသောက်ပြီး အရေးပေါ်ဌာနသို့ရောက်ရှိသွားတဲ့ ဟိန်းမင်းသူတစ်ယောက် ခုဆိုရင်တော့ ပြန်လည်သက်သာပြီး ဆေးရုံက ဆင်းလာပြီလို့သိရပါတယ်။ ဘာမီတွန်သောက်လိုက်ရခြင်းမှာလည်း သေကြောင်းကြံစည်ခြင်းမဟုတ်ဘဲ အရာအားလုံးကို မေ့ပျောက်အောင် အိပ်ချင်တဲ့အတွက် သောက်လိုက်ရတယ်လို့ ပြောပါတယ်။ရုတ်တရက်အကောင့်ဟက်ခံလိုက်ရပြီးနောက် ဟိန်းမင်းသူတစ်ယောက် ဟက်ကာဆီကနေ ပြန်လည်တောင်းယူခဲ့ပါတယ်။ ဟက်ကာက ငွေလိုချင်လို့လုပ်တာမဟုတ်ဘဲ (၂) ရက်နေရင်အကောင့်ပြန်ပေးမယ်လို့ ပြောခဲ့တယ်လို့ ဆိုလာပါတယ်။ ထို (၂) ရက်အတွင်းမှာတော့ ဟက်ကာအနေနဲ့ တင်ချင်တာတင်မည်ဖြစ်တဲ့အကြောင်းကိုလည်း ပြောခဲ့ပါတယ်။

ဟိန်းမင်းသူအနေနဲ့ လက်ရှိမှာတော့ အကောင့်ပြန်လည်မရရှိသေးဘူးလို့သိရပါတယ်။ Screenshot ထဲက ဖုန်းနံပါတ်တွေပြန့်သွားတဲ့အတွက်ကြောင့် ဖုန်းဆက်ပြီးဆဲသူတွေလည်း အများကြီးရှိကြောင်း ဖခင်ကိုပါ ဖုန်းဆက်ပြီးဆဲတာကြောင့် သည်းမခံနိုင်ဖြစ်ခဲ့ရတဲ့အကြောင်းပြောပြခဲ့ပါတယ်။ သူ့အကောင့်ခိုးခံရတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ သူ့မိတ်ဆွေ၊ သူငယ်ချင်းတွေပါ ထိခိုက်သွားရတဲ့အတွက် အလွန်ပင်စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

ဒီပြသာနာရပ်မှာလည်း အုပ်စိုးခန့်နဲ့ ချစ်သူရည်းစားတွေမဟုတ်ဘဲ အုပ်စိုးခန့် အမဖြစ်သူ ခင်ထက်ထက်မောင် နဲ့ရည်းစားတွေဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။ သူမနဲ့တွေ့ဖို့ ချိန်းဆိုထားတာကို ဘာမှပြန်မပြောတဲ့အတွက်ကြောင့် အကောင့်ကို ဘလော့လိုက်လို့ အုပ်စိုးခန့်အကောင့်နဲ့ ဝင်ချက်တာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။လက်ရှိမှာတော့ ဖေ့ဘုတ်အကို အသုံးပြုဦးမှာမဟုတ်ဘဲ စိတ်တည်ငြိမ်သွားမှ ဆက်လက်အသုံးပြုသွားမယ်လို့ သိရပါတယ်။We Love Cele

Source-MC အင်တာဗျူးဖြေကြားချက်အကြောင်းအရာများကို ကောက်နှုတ်ဖော်ပြထားပါသည်။

Previous Post

ဖုန်းနဲ့ TV တချိန်လုံးကြည့်နေတတ်တဲ့ သားသမီးတွေကို ထိန်းသိမ်းနည်းမျှဝေပေးလိုက်တဲ့ သန္တာလှိုင်

Next Post

သမီးနှစ်ယောက်ရဲ့ ကြင်ဖော်ဖြစ်လာမယ့်သူတွေကို သူ့လိုပုံစံမျိုးပဲဖြစ်စေချင်တဲ့ ဂရေဟမ်

Next Post

သမီးနှစ်ယောက်ရဲ့ ကြင်ဖော်ဖြစ်လာမယ့်သူတွေကို သူ့လိုပုံစံမျိုးပဲဖြစ်စေချင်တဲ့ ဂရေဟမ်

မေမေ အေသင်ချိုဆွေနဲ့အပြိုင် မျက်နှာလိုက်ပြောင်တတ်နေပြီဖြစ်တဲ့ Ivy လေးရဲ့ အသည်းယားစရာ ဗီဒီယို

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!