Cover Dance တွေနဲ့ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားလာတဲ့ စုလှိုင်ဝင်းဟာ ပုရိသအမျိုးသားတို့ရဲ့ ဝန်းရံမှုတွေကို ရရှိထားသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကျောင်းတက်နေတာဖြစ်ပြီး အနုပညာအလုပ်တွေမှာတော့ လုပ်ကိုင်နေခြင်းမရှိသေးပါဘူး။ စုလှိုင်ဝင်းဆိုတာနဲ့ ပြေးမြင်မိတာကတော့ သူမရဲ့ Trademark က ဘော်ဒီကောက်ကြောင်းအလှပဲဖြစ်ပါတယ်။
တင်အသားပေး ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာလည်း တင်သားအစစ်ဖြစ်ကြောင်း မကြာခဏဖြေရှင်းနေခဲ့ရတာပါ။ သူမဝတ်ဆင်လိုက်တဲ့ ဝတ်စားပုံတွေဟာလည်း တင်သားအလှကို ပေါ်လွင်စေတဲ့ ဝတ်စားဆင်ယင်ပုံမျိုးတွေပဲဖြစ်ပါတယ်။ မကြာသေးခင်ကမှ အချစ်ရေးနဲ့ပတ်သက်ပြီး ဖြေရှင်းမှုတွေပြုလုပ်ခဲ့ရတဲ့စုလှိုင်ဝင်းတစ်ယောက်ကတော့ လက်ရှိမှာ Single ဘဝနဲ့ပဲဖြတ်သန်းနေတာဖြစ်ပါတယ်။
စုလှိုင်ဝင်းဟာ ဒီရက်ပိုင်းထဲမှာပဲ သူမရဲ့ Cover Dance Teaser လေးကို ပရိသတ်တွေဆီကို ချပြပေးခဲ့ပါတယ်။ အဲဒီ Teaser လေးနဲ့တင် ပရိသတ်တွေက သူမရဲ့ Full Cover Dance ကိုစောင့်မျှော်နေခဲ့ကြရတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့ Full Cover Dance ကို ပရိသတ်တွေဆီ အရောက် ချပြလိုက်ပြီဖြစ်ပါတယ်။ ဘယ်လိုအမိုက်စားဒီဇိုင်းတွေနဲ့ ရင်ဖိုအောင် ကထားမလဲဆိုတာတော့ ခံစားကြည့်ကြည့်ပါနော်။We Love Cele
Full Cover Dance
Source-Su Hlaing Win