• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

နောင်တအကြီးအကျယ်ရပြီး မှားခဲ့တဲ့အမှားတွေ အတွက် ပြန်ကြိုးစားနေရတယ်ဆိုတဲ့ X Box

We Love Cele by We Love Cele
October 15, 2018
in အနုပညာ
0

X Box ကတော့ လူငယ်ပရိသတ်တွေကြား ရေပန်းစားလာတဲ့ အဆိုတော်တစ်ဦးဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် မိန်းကလေးပရိသတ်တွေကြား သည်းသည်းလှုပ်အားပေးခံနေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်လာပါတယ်။ သရုပ်ဆောင် နော်ဖောအယ်ထားနဲ့ ချစ်သူတွေဖြစ်နေကြောင်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီးနောက်တော့ အချစ်ရေးပြသာနာတချို့တွေကို လူမှုကွန်ယက်ပေ့ခ်ျအချို့က ဝေဖန်ရေးသားမှုတွေရှိလာခဲ့ပါတယ်။ X Box ကတော့ ယခုအချိန်မှာ အမှားတွေအများကြီးအတွက် နောင်တရပြီး ပြောင်းလဲနေပြီလို့ ယခုလက်ရှိအချစ်ရေးနဲ့ပတ်သက်ပြီး ပြောထားပါတယ်။

“ချစ်သူကတော့ ဘယ်သူမဆိုတော့ ရှိတာပေါ့ဗျာ ကျတော်လည်း ချစ်တဲ့မိန်းကလေးတော့ ရှိတာပေါ့ဗျာ ဒါပေမယ့်လည်း အဆင်ပြေတဲ့အချိန်ရှိသလို အဆင်မပြေတဲ့အချိန်လည်း ရှိတာပေါ့ ခုလောလောဆယ်ကတော့ ကျတော်က ပြန်ကြိုးစားနေရတဲ့အချိန်ပေါ့ ဒါပါပဲ လောလောဆယ် ကျတော်မှားခဲ့တဲ့အမှားတွေအတွက် ပြန်ကြိုးစားနေရတယ် ဒါပါပဲ။ နောင်တကတော့ အကြီးအကျယ်ရတာပေါ့ နောင်တမရဘူးလို့ ပြောလိုက်ရင် ကျတော် အကြီးအကျယ်မိုက်ရိုင်းတဲ့သူဖြစ်သွားမှာပေါ့။ ကျတော်ကိုယ်တိုင်က ရင်ဘတ်ထဲကပဲချစ်တယ်ဗျ။ အပြင်ကြီးထုတ်ပြီးအရမ်းမချစ်ပြတတ်တဲ့ အတွက် အဲဒီအကျင့်ကြီးကို ကျတော် တဖြေးဖြေးနဲ့ ပြောင်းလဲနေတယ်။ ကျတော်ကိုယ်တိုင်လည်း မကောင်းတဲ့အကျင့်တွေရှိမယ် အဲဒါတွေအကုန်လုံးကို ကျတော်ချစ်တဲ့သူအတွက် ပြောင်းလဲနေတယ်။”

တေးရေး၊ တေးဆို အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် အရမ်းကိုစိတ်ခံစားလွယ်တယ်ဆိုတဲ့ X Box က

“တခါတလေကျရင် မေ့ပျောက်ထားလိုက်ချင်ပေမယ့်လည်း မမေ့နိုင်တဲ့အရာတွေရှိတာပေါ့လေ။ ဘာလို့ဆို လူတိုင်းလူတိုင်းမှာ ကိုယ်တန်ဖိုးထားတဲ့အရာတွေက တချက်တချက်တန်ဖိုးမထားဖြစ်တဲ့အချိန်ကျလို့ရှိရင် နီးနေတဲ့အချိန်မှာ တခါတလေကျရင် ကျတော်အပါအဝင်ပေါ့ ၁၀၀ ရာခိုင်နှုန်းထက် ကိုယ့်ဟာနဲ့ကိုရှုပ်နေတဲ့အချိန်မှာ ၈၀ ရာခိုင်နှုန်းလောက်ပဲပေးမိလိုက်တာတွေ ရှိတယ်။ လျော့နေတဲ့ ၂၀ ရာခိုင်နှုန်းက တဖြေးဖြေးကြာကြာလာတဲ့အခါကျရင် တဖက်လူဘက်က စိတ်အကြီးကြီးခုတာမျိုးတွေ ၊ စိတ်နာလာနိုင်တာမျိုးတွေဖြစ်လာတဲ့အတွက် နောက်ကိုယ့်ကိုပြန်ပြီး ဂရုမစိုက်တော့တဲ့အချိန်ကျမှ ငါမှားပါတယ်ဆိုပြီး ပြန်ပြီးအဖက်ဆယ်ရ ပြန်ပြီးကြိုးစားရတယ်။ အဓိက ကျတော်ချစ်တဲ့လူ ကျတော့်ကိုချစ်တဲ့လူ ကျတော့်ဘေးနားကနေ စိတ်ညစ်ပြီးထွက်သွားတာကို လုံးဝ မနေတတ်ပါဘူး။”

“အခုလည်း ပြင်ကိုပြင်နေပါပြီ။ ကျတော်က မနေတတ်လို့ပါ နေလည်း မနေနိုင်လို့ပါ ပြောရမှာလည်း ရှက်တယ် ကျတော်တန်ဖိုးထားလို့ပါ။ အမြဲတွေ့နေတဲ့အချိန်တိုင်းရော၊ မတွေ့ဖြစ်တဲ့အချိန်တိုင်းရောက အမှတ်တရတွေအများကြီးပါပဲ။ ခုဝတ္ထားတဲ့ အက်ီၤကအစပါ။ အများကြီးပြောရင်တော့ မကောင်းတော့ပါဘူး။”

ဒါ့အပြင် X Box ဟာ သူ့ရဲ့ Instagram ပေါ်မှာ မကြာခင် ထွက်ရှိလာတော့မယ့် သူ့ရဲ့သီချင်းအသစ်လေးကို အမြည်းအနေနဲ့ဆိုပြခဲ့တာဖြစ်ပါတယ်။ ထိုသီချင်းလေးမှာလည်း သူ့ရဲ့အချစ်ရေးခံစားချက်တွေ ပါဝင်နေသလို ခံစားချက်အပြည့်နဲ့ ဆိုပြခဲ့တာဖြစ်ပါတယ်။We Love Cele

အသစ်ထွက်ရှိလာမယ့် X Box ရဲ့ သီချင်းသစ်

မှတ်ချက်-Myanmar Cele 7အင်တာဗျူးမှ ရဲခေါင်ဖူးရဲ့ ဖြေကြားချက်များကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

သားဦးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ပြီဖြစ်တဲ့ သဇင်

Next Post

ပိုင်တံခွန်ကို အခြောက်ပုံဖြစ်အောင် ဆေးထိုးပေးလိုက်တဲ့ တိုင်ရွန်နဲ့ ရှင်မွေလတို့ရဲ့ လုံးဝခွီနေရမယ့် ဗီဒီယို

Next Post

ပိုင်တံခွန်ကို အခြောက်ပုံဖြစ်အောင် ဆေးထိုးပေးလိုက်တဲ့ တိုင်ရွန်နဲ့ ရှင်မွေလတို့ရဲ့ လုံးဝခွီနေရမယ့် ဗီဒီယို

နာမည်ခေါ်ပြီး အမျှဝေတဲ့အချိန် မျက်ရည်တွေ မထိန်းနိုင်ဖြစ်ခဲ့ရတဲ့ သက်မွန်မြင့်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!