အသံပါဝါကောင်းကောင်းနဲ့ အမိုက်စားသီချင်းတွေကို သီဆိုလေ့ရှိတဲ့ အဆိုတော် Rဇာနည်ကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ ဇနီးချောလေးရယ်၊ သားချောလေးနှစ်ယောက်ရယ်နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ Rဇာနည်က သူတို့မိသားစုလေးထဲကို မိသားစုဝင်အသစ်တစ်ယောက်တိုးလာတော့မယ်လို့ ပရိသတ်တွေကို ကြေညာခဲ့တာပါ။ သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ မင်္ဂလာသတင်းကိုကြားပြီး ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေကလည်း ဂုဏ်ပြုပေးခဲ့ကြပါသေးတယ်။ ချစ်ပရိသတ်တွေအတွက် မိသားစုဝင်အသစ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ Rဇာနည်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
Rဇာနည်ကတော့ “ပရိသတ်ကြီးကို ကျွန်တော်တို့ကြေညာစရာတစ်ခုရှိပါတယ် ကျွန်တော်တို့ မိသားစုထဲကိုမိသားစုဝင်သစ်တစ်ယောက်မကြာခင် ရောက်ရှိလာပါတော့မယ်အောက်တို ဘာ ၂၂ ထိမစောင့်နိုင်တော့ရင် ဘာများဖြစ်မလဲ ပြောပြကြည့်ပါဦး။❤️💚💛💙”ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာပါ။
Rဇာနည်နဲ့ ဝမ်းတို့အတွက် ဂုဏ်ပြုပေးခဲ့ကြတဲ့ အနုပညာရှင်များ
Rဇာနည်နဲ့ ဝမ်းတို့ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေနဲ့ ချစ်ခြင်းတရားတွေပြည့်နှက်နေတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာ အခုဆိုရင် အိမ်ထောင်သက်တမ်း ၁၅နှစ်ကျော်ရှိခဲ့ပါပြီ။ချစ်ပရိသတ်တွေလည်း မကြာခင် မိသားစုဝင်အသစ် ထပ်တိုးလာတော့မယ့် Rဇာနည်နဲ့ ဝမ်းတို့ဇနီးမောင်နှံကို ဂုဏ်ပြုစကား ဆိုခဲ့ကြပါဦးနော်။
Credit-Momolay