• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, August 9, 2022
No Result
View All Result

ချစ်သူ ပိုးအိအိခန့်ရဲ့ စိတ်ထားလေးကို လေးစားဖွယ် ချီးကျူးလိုက်တဲ့ အောင်သူ

We Love Cele by We Love Cele
October 16, 2018
in အနုပညာ
0

နိုင်ငံ့လက်ရွေးစင် ဘောလုံးသမားတစ်ဦးဖြစ်သူ အောင်သူကတော့ မြန်မာနိုင်ငံရဲ့ ဘောလုံးပရိသတ်တွေကြား၊ အားပေးသူပြည်သူတွေကြား အားပေးထောက်ခံမှုအပြည့်အဝရရှိထားသူဖြစ်ပါတယ်။ လက်ရွေးစင်အသင်းရဲ့ တိုက်စစ်တစ်ဦးဖြစ်ပြီး အမြဲတမ်း သွင်းဂိုးတွေနဲ့ အနိုင်ယူပေးတတ်တဲ့ နိုင်ငံအတွက် အားကိုးရတဲ့ တိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါသေးတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံရဲ့ Police Tero အသင်းမှာသွားရောက်ကစားနေသူတစ်ဦးပါ။ အချစ်ရေးမှာလည်း အဆင်ပြေလှတဲ့ အောင်သူကတော့ LDRS နဲ့ ဖြတ်သန်းနေရသူလည်းဖြစ်ပါတယ်။ ချစ်သူဖြစ်တဲ့ ပိုးအိအိခန့်ကတော့ အနုပညာလောကထဲက သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နယ်ပယ်မတူတဲ့ လူနှစ်ဦးရဲ့ ချစ်ခြင်းတွေအဖြစ် ရှင်သန်မွေးဖွားနေကြတာပါ။ LDRS ချစ်သူဘဝကို ပိုင်ဆိုင်ထားရပေမယ့် တစ်ဦးနဲ့ တစ်ဦးယုံကြည်မှု၊ သံသယစိတ်ကင်းရှင်းမှုတွေ ရှိတဲ့အတွက် ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်ရေးတွေနဲ့ ဖြတ်သန်းနေကြရတာပါ။

ယနေ့မှာတော့ ချစ်သူဖြစ်တဲ့ အောင်သူရဲ့ သူမအပေါ်အမြင်လေးတွေကို ရေးသားထားတဲ့ စာတိုလေးကို My Story ကနေ ကြည်နူးဖွယ်မျှဝေထားတာဖြစ်ပါတယ်။ ချစ်သူအပေါ် အောင်သူရေးဖွဲ့သီကုံးထားတဲ့ စာတိုလေးကတော့

” သူမ ………..စိတ်ထားလေး အရမ်းမွန်မြတ်ပါတယ်တစ်ဖက်သားကိုသနားတတ်ပြီး သူများကို ကူညီချင်စိတ်သူ့မှာ အပြည့်ရှိတယ်ဘုရားတရားလဲ အမြဲလုပ်သူပါ လူတစ်ဖက်သားအပေါ် အားနာတတ်တဲ့စိတ် သူ့မှာအမြဲရှိတယ် ကျွန်တော်တောင် အားမလိုအားမရဖြစ်ရတယ် အားမနာရမယ့်အရာတွေတောင် သူအားနာတယ် မရှိသူ ချို့တဲ့သူတွေကိုလည်း ပေးကမ်းချင်စိတ်သူ့မှာရှိတယ် ” ဆိုတဲ့ကြည်နူးဖွယ်ရာစာသားလေးပဲဖြစ်ပါတယ်။ ကိုယ့်ချစ်သူရဲ့ စိတ်နေစိတ်ထားလေးတွေကို နူးညံ့တဲ့စကားလုံးလေးတွေနဲ့ သီကုံးဖွဲ့ထားတတ်တဲ့ အောင်သူတစ်ယောက် ပိုးအိအိခန့်ပေါ် ဘယ်လောက်ချစ်မြတ်နိုးလဲဆိုတာ ဒီစာလေးဖတ်ကြည့်တာနဲ့တင် သိမြင်နိုင်ပါတယ်နော်။We Love Cele

Source : Poe Eiei Khant

Previous Post

လူမင်းသမီးလေး ဧရာဝတီလူမင်းရဲ့ အလန်းစား Tik Tok ဗီဒီယို

Next Post

မကွယ်လွန်ခင်မှာ မိဘနှစ်ပါးနဲ့ပတ်သက်ပြီး ဆန္ဒလေးတစ်ခုရှိခဲ့တဲ့ မင်းသွေး

Next Post

မကွယ်လွန်ခင်မှာ မိဘနှစ်ပါးနဲ့ပတ်သက်ပြီး ဆန္ဒလေးတစ်ခုရှိခဲ့တဲ့ မင်းသွေး

ပင်လယ်ရေဆော့နေရင်း ဗီဒီယိုရိုက်မိလို့ လှိုင်းတစ်လုံးကြောင့် တိုင်ပတ်ခဲ့ရတဲ့ နေခြည်ဦး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!