ချစ်ပရိသတ်ကြီးရေ….Beauty Blogger မလေး ချီချီကတော့ ငပလီကမ်းခြေကို ရောက်ရှိနေတယ်နော်။
နေခြည်ဦးဆိုတာ မိန်းကလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ခံထားရတဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူတစ်ဦးပါနော်။ Makeup Tutorial လေးတွေနဲ့ မိန်းကလေးတွေရဲ့ အားပေးမှုကို ရရှိလာရာကနေ ခုဆိုရင်တော့ အနုပညာလောကထဲကို ခြေစုံပစ်ဝင်တဲ့အထိတောင် အောင်မြင်နေပါပြီ။
နာမည်ကြီး Brand တွေအများစုသာ သုံးလေ့ရှိတဲ့ ချီချီကိုတော့ ပရိသတ်တွေက နာမည်အသစ်တစ်ခု ပေးထားပါသေးတယ်။ မကြာသေးခင်က အင်တာဗျူးမှာ ချီချီကြောင့် Gucci ကိုနာမည်မကြီးစေချင်ဘူးဆိုတဲ့ ဒိုင်ယာလော့ခ်လေးကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ချီချီကို ချစ်စနိုးနဲ့ Troller တွေက Troll နေခဲ့ကြတာပါ။
နေခြည်ဦးဟာ လက်ရှိမှာတော့ ငပလီကမ်းခြေကို ဇာတ်ကားရိုက်ကူးဖို့အတွက် ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ နေခြည်ဦးရဲ့ Instagram မှာတော့ ပင်လယ်ထဲမှာ ရေဆော့နေရင်း ဗီဒီယိုတစ်ခုရိုက်ကူးထားတာကို တင်ထားခဲ့ပါတယ်။ ချီချီ တစ်ယောက် ပရိသတ်တွေကို နှုတ်ဆက်ပြီး သိပ်မကြာခင်မှာပဲ လှိုင်းတွေလာလို့ ကြောက်လန့်တကြားနဲ့ အော်နေခဲ့တာ တကယ်ကို ပွင့်လင်းလွန်းလှပါတယ်။ နေခြည်ဦးတစ်ယောက် ဗီဒီယိုရိုက်နေရင်း အမှတ်မထင် လှိုင်းကြောင့် ဒုက္ခတွေရောက်ခဲ့ပုံလေးက ချစ်စရာလေးပါနော်။ ချီချီရဲ့ ရိုးရှင်းတဲ့အလှနဲ့ ပွင့်လင်းတဲ့အပြုအမူလေးတွေကို ကြည့်ရှုဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele
Nay Chi Oo
Video-Nay Chi Oo