• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, August 7, 2022
No Result
View All Result

ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးက ရွေးချယ်ထားတဲ့ သရုပ်ဆောင်သစ် (၂) ယောက်ရဲ့ ကမ်းခြေအလှပုံရိပ်များ

We Love Cele by We Love Cele
October 17, 2018
in အနုပညာ
0

ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးကနေပြီး သရုပ်ဆောင်သစ်ရွေးချယ်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရွေးချယ်ပွဲကိုတော့ ခန့်စည်သူနဲ့အတူ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည်နဲ့ နေခြည်ဦးတို့က အကဲဖြတ်ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ သရုပ်ဆောင် မင်းသားသစ် နှစ်ဦးနဲ့ မင်းသမီးသစ်နှစ်ဦးတို့ကို ရွေးချယ်ခဲ့ကြပါတယ်။ AK နိုင်၊ ဂါမဏိ၊ ပိဂျာဆိုင်းဘူ နဲ့ ရွှေဖူးတို့ လေးယောက်ဟာ ခသုံးလုံးရဲ့ သရုပ်ဆောင်သစ်တွေဖြစ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ ခသုံးလုံးက ရိုက်ကူးနေတဲ့ အောက်ဖဲမလှန်ကြေးနော် ဆိုတဲ့ ရုပ်ရှင်ကားကို ငပလီကမ်းခြေမှာ ရိုက်ကူးနေတာဖြစ်ပါတယ်။ ထိုရုပ်ရှင်ကားမှာတော့ ကလေးသရုပ်ဆောင် ထိပ်ထားသခင်နဲ့ အတူ ရွှေပိုးအိမ်တို့လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးကတော့ မင်းသမီးသစ် (၂) လက်နဲ့ ရိုက်ကွင်းပုံရိပ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ကမ်းခြေမှာရိုက်ကူးရတဲ့ ရိုက်ကွင်းပုံရိပ်တွေဖြစ်တဲ့အတွက် 2 Pieces နဲ့ ရိုက်ကူးထားတဲ့ ပီဂျာဆိုင်းဘူ နဲ့ ရွှေဖူးတို့ရဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ သရုပ်ဆောင်သစ်တွေ အများကြီးပါဝင်နေတဲ့ အောက်ဖဲမလှန်ကြေးနော် ရုပ်ရှင်ကားကြီးထွက်လာရင်လည်း အားပေးကြပါဦးနော် ပရိသတ်ကြီး။We Love Cele

Photos-Kha Tone Lone

Previous Post

စကား အရမ်းများလွန်းတဲ့ Liam လေးကို နာမည်အသစ်ပေးလိုက်တဲ့ ဘွားဘွားမေသူ

Next Post

ဟန်နာယူရီပုံကို တင်လိုက်တာနဲ့ ပတ်သက်ပြီး ပြန်ဖြေရှင်းလိုက်တဲ့ အိစိကွေး

Next Post

ဟန်နာယူရီပုံကို တင်လိုက်တာနဲ့ ပတ်သက်ပြီး ပြန်ဖြေရှင်းလိုက်တဲ့ အိစိကွေး

ကိုယ်တိုင်ကိုယ်ကျ ဘုရားထီးတင်ခဲ့တဲ့ ဖြိုးမြတ်အောင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!