သရုပ်ဆောင်ယွန်းဝတီလွင်မိုးဟာ ဇန်နဝါရီလဆန်းမှာ မင်္ဂလာဆောင်ပြီး ကျောင်းတက်နေတဲ့ သြစတြေးလျသို့ ပြန်သွားခဲ့ပါတယ်။ ခင်ပွန်းသည်ဖြစ်သူနဲ့အတူ ပြန်သွားခဲ့တာဖြစ်ပြီးတော့ စက်တင်ဘာလ ၆ ရက်နေ့မှာတော့ သားဦးလေး Liam ကို အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။
Liam လေးကတော့ နှစ်ဖက်မိဘတွေရဲ့ သည်းသည်းလှုပ်ချစ်မြတ်နိုးခံရတဲ့ မြေးဦးလေးဖြစ်လာခဲ့ပါတယ်။ သားယောက်ကျားလေး မရှိတဲ့ နှစ်ဖက်မိဘအသိုင်းအဝိုင်းမှာတော့ Liam လေးဟာ ဘိုးဘိုး၊ ဘွားဘွားတွေရဲ့ ချစ်မြတ်နိုးမှုကို အပြည့်အဝရရှိခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီး ဘိုးဘိုး ဘွားဘွားတို့ရဲ့ နေအိမ်မှာ ပျော်လျက်ရှိနေပါတယ်။ အဘွားဖြစ်သူ မေသူမှာလည်း မြေးလေးလီယျံကို လက်ကမချနိုင်လောက်အောင်ကို ချစ်နေကြတာပါ။
Liam လေးဟာ ယွန်းဝတီလွင်မိုး မိဘတွေရဲ့ သည်းသည်းလှုပ်ချစ်ခံရတာတင်မဟုတ်ဘဲ ခင်ပွန်းသည်ဖြစ်သူ ထက်ဦးလှိုင် မိဘတွေရဲ့ အချစ်တွေကိုလည်း တနင့်တပိုးရရှိထားတာဖြစ်ပါတယ်။ စကားတွေအများကြီး ပြောတတ်နေတဲ့ Liam လေးကို လေအိုးလို့လည်း ဘွားဘွားဖြစ်သူက နာမည်အသစ်ပေးထားပါသေးတယ်။ ယွန်းဝတီလွင်မိုးရဲ့ ယောက္ခမကတော့ Liam လေးသောက်ဖို့ နို့မှုန့်တွေနဲ့ သေးခံတွေသွားပို့တာကို Liam လေး ကြည့်လိုက်တဲ့အကြည့်တွေကြောင့် သဘောကျနေခဲ့တာဖြစ်ပါတယ်။
Liam လေး ရဲ့အကြည့်တွေကို တချက်လောက်ရှိုးလိုက်ဦးနော်။
ဖိုးဖိုးနော် သားသားသောက်ဖို့နို့မှုန့်နဲ့သေးခံလာပို့တယ်ဟုတ်လား 😍😍😘😘❤️❤️❤️ ဆိုပြီး ယွန်းဝတီလွင်မိုးရဲ့ ယောက္ခဖြစ်သူက အကောင့်မှာ လီယျံလေးပုံနဲ့ တွဲတင်ထားတာဖြစ်ပါတယ်။We Love Cele
Photos-Shwe Htut Tin