အသက်အရွယ်ရလာခဲ့ကြတဲ့ ဟာသလူရွှင်တော်ကြီးများဖြစ်ကြတဲ့ ဦးစိန်ရိုး၊ဦဝင်းနိုင် (အနုပညာ) နှင့် ကင်းကောင်တို့ဟာဆိုရင် အရင်တုန်းကနဲ့မတူဘဲ မမှတ်မိနိုင်လောက်အောင် အပြောင်းအလဲကြီးပြောင်းလဲလာခဲ့ရတာပဲဖြစ်ပါတယ်။ ရောဂါဝေဒနာတွေကြောင့် အပြောင်းအလဲကြီးပြောင်းလဲခဲ့ရတဲ့ လူရွှင်တော်ကြီးများကို လူရွှင်တော်များအသင်းမှ ” လူရွှင်တော်အသင်း ဘိုးဘွားရိပ်သာဆောက်လုပ်ရန်အတွက် KTR Co,မိသားစုမှ ကျပ်သိန်း (၁၀၀) Poe Poe Co,မိသားစုမှ ကျပ်သိန်း (၂၀) နှင့် KTR Co,မိသားစုမှ ကျန်းမာရေးချို့တဲ့နေကြသော လူရွှင်တော် ဦးစိန်ရိုးအတွက် (၅)သိန်း၊ ဦးဝင်းနိုင်(အနုပညာ) အတွက် (၅)သိန်း၊ကင်းကောင် အတွက် (၅)သိန်း” အသီးသီးလှူဒါန်းခဲ့ကြကြောင်းကို ဒါရိုက်တာ မောင်သီရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာပြီး ပရိသတ်တွေကို ကျေနပ်သဘောကျ နှစ်သက်မှုရရှိအောင် ဟာသဥာဏ်တွေအမျိုးမျိုးနဲ့ ဖျော်ဖြေပေးခဲ့တဲ့ လူရွှင်တော်ကြီး ဦးစိန်ရိုးဆို မသိတဲ့ သူလေးမရှိလောက်အောင် ရှားပါးလွန်းလှပါတယ်နော်။ ယခုဆိုရင် လူရွှင်တော်ကြီး ဦးစိန်ရိုးဟာ အသက် ၈၄ နှစ် အရွယ်ကို ရောက်ရှိလာခဲ့ပြီမို့ အသက်အရွယ်အရ ချောင်းဆိုးရင်း သွေးတွေပါရာက ဆရာဝန်တွေနဲ့ ပြကြည့်ခဲ့ရာမှ ကင်ဆာရောဂါဖြစ်နေကြောင်း သိရှိခဲ့ရတာပဲဖြစ်ပါတယ်။ အသက်အရွယ်အရ အရွယ်အပိုင်းအခြားကို ရောက်ရှိလာခဲ့တဲ့ ဦးစိန်ရိုးတို့ မိသားစုဟာ ငွေရေးကြေးရေးအရလည်း သိပ်အဆင်မပြေခဲ့တာကြောင့် လူရွှင်တော်များအသင်းမှ အလှူငွေ ၅သိန်းကျပ်တိတိကို လူရွှင်တော်ကြီး ဦးစိန်ရိုးအတွက် လှူဒါန်းပေးခဲ့ကြတာပဲဖြစ်ပါတယ်။
လူရွှင်တော်ကြီး ဦးဝင်းနိုင်ဟာဆိုရင်လည်း အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်ရှိလာခဲ့ပြီမို့ လူကြီးတို့ခံစားရလေ့ရှိတဲ့ လေဖြတ်တဲ့ ရောဂါဝေဒနာကို ခံစားရရှိနေခဲ့ရတာပဲဖြစ်ပါတယ်။ ရောဂါခံစားနေရင်းကတောင် အများကိုပျော်ရွှင်စေမယ့် စကားလုံးတွေကိုပြောပြီး ကျန်းမာရေးပြန်ကောင်းလာရင် အလုပ်ပြန်လုပ်မယ့်အကြောင်းကိုပါ အင်တာဗျူးတစ်ခုမှာ ပြောပြထားခဲ့တာပဲဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေ သက်သာလာခဲ့ပေမယ့်လည်း အသက်အရွယ်ရလာခဲ့ပြီဖြစ်တဲ့ လူရွှင်တော်ကြီး ဦးဝင်းနိုင်အတွက် လူရွှင်တော်များအသင်းမှ အလှူငွေ ( ၅ )သိန်း ကျပ်တိတိကို လှူဒါန်းပေးခဲ့ကြတာပဲဖြစ်ပါတယ်။
တက္ကသိုလ်တက်တဲ့ ကျောင်းသားဘဝတုန်းက အရှည်ကြီးလို့ အခေါ်ခံခဲ့ရတဲ့ သရုပ်ဆောင် ကင်းကောင်ရဲ့ နာမည်အရင်းကတော့ မျိုးမြင့်ပဲဖြစ်ပါတယ်။ ကင်းကောင်းဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာရော ဟာသပိုင်းမှာပါ ပီပြင်အကွက်ကျတဲ့ သရုပ်ဆောင်မှုမျိုးတွေကို ချပြပေးနိုင်ခဲ့တဲ့ အနုပညာရှင်သမား တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို လက်ခံရရှိခဲ့ကြတာပဲဖြစ်ပါတယ်။ ယခုဆိုရင် အရင်ကပုံစံမျိုးနဲ့ မတူလဲ လုံးဝပြောင်းလဲသွားခဲ့ရတဲ့ ကင်းကောင်ဟာဆိုရင် အစာပြွန် ပိတ်ဆို့လို့ခွဲစိတ်ထားခဲ့ရတာပဲဖြစ်ပါတယ်။ ဆေးရှိန်ပြင်းလွန်းတာကြောင့် ဆံပင်တွေကျွတ်ပြီး ခေါင်းပါရိတ်ပစ်လိုက်ရတဲ့ ကင်းကောင်းကတော့ အရင်ပုံစံမျိုးနဲ့ မတူအောင်ကို အပြောင်းလဲကြီး ပြောင်းလဲနေခဲ့တာပဲဖြစ်ပါတယ်။ ရောဂါဆိုးဆိုးဝါးဝါးကြီး မခံခဲ့ရပေမယ့် ကျန်းမာရေးကောင်းလာပြီဖြစ်တဲ့ ကင်းကောင်းကို လူရွှင်တော်များအသင်းက အလှူငွေ (၅)သိန်းကျပ်ဖြင့် လှူဒါန်းပေးခဲ့ကြတာပဲဖြစ်ပါတယ်။
အရင်တုန်းကနဲ့ လုံးဝမတူတော့ဘဲ အပြောင်းလဲကြီး ပြောင်းလဲခဲ့ကြရတဲ့ လူရွှင်တော်ကြီးများဖြစ်ကြတဲ့ ဦးစိန်ရိုး၊ ဦးဝင်းနိုင်၊ ဦးကင်းကောင်တို့ကို ပရိသတ်ကြီးများက ဆက်လက်ပြီး အားပေးကြပါဦးနော်။ အမျိုးမျိုးသော ရောဂါဝေဒနာတွေကို ခံစားနေကြရတဲ့ လူရွှင်တော်ကြီးများအတွက် ခွန်းအားရရှိစေနိုင်မယ့် စကားလုံးလေးတွေကို ပြောပေးသွားကြဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
Credit-Momolay