• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ မေသန်းနု

We Love Cele by We Love Cele
October 19, 2018
in အနုပညာ
0

မင်းသန့်မောင်မောင်ဟာ လက်ရှိ နိုင်ငံရပ်ခြားမှာ ဒါရိုက်တာပညာရပ်တွေနဲ့ ပတ်သက်ပြီး သင်ယူနေခဲ့ပြီး မကြာသေးခင်ကမှ မိသားစုစုံစုံညီညီနဲ့အတူ ဘွဲ့အခမ်းအနားကို တက်ရောက်ယူခဲ့တာဖြစ်ပါတယ်။ ဘွဲ့အခမ်းအနားကို ကွဲကွာနေတဲ့ မိဘနှစ်ဦးလုံးနဲ့အတူ တက်ရောက်ခဲ့ရတဲ့အတွက် သားဖြစ်သူ ရဲ့ ရင်ထဲက ဝမ်းသာပီတိဖြစ်မှုတွေဟာ အတိုင်းထက်အလွန်ဖြစ်နေခဲ့ပါတယ်။

မင်းသန့်မောင်မောင်ဟာ သူ့ရဲ့ ကျောင်းဆင်းလက်ရာ ဇာတ်ကား Short Film လေးတစ်ခုကို ပြသခွင့်ရရှိခဲ့ပါတယ်။ ထို Short Film လေးထဲမှာတော့ မိဘတွေကွဲကွာသွားလို့ ခံစားနေရတဲ့သားတစ်ယောက်ရဲ့ ခံစားချက်တွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ အဲဒီဗီဒီယိုလေးကိုကြည့်ပြီး မိဘ နှစ်ပါးလုံးဖြစ်တဲ့ စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့က စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ သို့သော်လည်း သားလေးရဲ့ ဆန္ဒကိုတော့ ဖြည့်ဆည်းပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ မေသန်းနုက ပြောလာပါတယ်။

“ကိုယ့်ရဲ့ ဒေါသတွေ၊ မာနတွေကို ရှေ့တန်းတင် အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့ပြီး သားလေး ရဲ့ ခံစားမှုကို ထည့်မတွက်မိခဲ့ဘူး။ အခု သား ရဲ့ ခံစားချက်တွေကို သိရတော့ စိတ်တောင် မကောင်းဘူး။ တိုက်ပေါ်က ခုန်ချချင်တာတို့၊ ဓားမြင်ရင် သူ လုပ်လိုက်ချင်တာတို့ အဲဒီစိတ်တွေက အဲလောက်ထိ ဖြစ်လိမ့်မယ်လို့ မထင်ဘူးပေါ့နော်။ သားသားရယ် အဲလောက်ထိဖြစ်ရလားလို့ ဆိုတော့ မေမေမှ မသိတာပေါ့နော်။ သူက အရမ်းအေးတဲ့အခါကျတော့ သူ့ရဲ့ရင်ထဲမှာ ဘာတွေဖြစ်နေမှန်း ကိုယ်က မသိဘူး။ မဆင့်တို့က လွန်ခဲ့ပြီ။ ကိုယ့်လမ်းကိုယ် လျောက်ခဲ့ကြပြီးပြီမို့ ကလေးရဲ့ ဆန္ဒကို ပြန်ဖြည့်ဆည်းပေးဖို့တော့ မဖြစ်နိုင်တော့ဘူး” လို့ သားရဲ့ ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်တော့တာနဲ့ပတ်သက်ပြီး မေသန်းနုက ပြောလာခဲ့ပါတယ်။We Love Cele

Source-MC အင်တာဗျူးမှဖြေကြားချက်အချို့ကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

စင်ကာပူက မင်းသွေးရိုက်ခဲ့တဲ့ နောက်ဆုံးအမှတ်တရနေရာလေးမှာ ဓာတ်ပုံရိုက်ရင်း သတိရနေတဲ့ သားငယ်

Next Post

သူမရဲ့ ဘော်လီဆိုဒ်တွေကို အတိအကျသိနေသူတစ်ယောက်ကြောင့် ထိတ်လန့်ခဲ့ရတဲ့ ဖြူဖြူထွေး

Next Post

သူမရဲ့ ဘော်လီဆိုဒ်တွေကို အတိအကျသိနေသူတစ်ယောက်ကြောင့် ထိတ်လန့်ခဲ့ရတဲ့ ဖြူဖြူထွေး

ခင်ပွန်းသည်ကို တန်ဖိုးကြီးလှတဲ့ နာမည်ကျော် မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!