ဟာသဗီဒီယိုတွေနဲ့ လူသိများလာတဲ့ ဖြူဖြူထွေးဟာ လက်ရှိမှာလည်း Tik Tok ဗီဒီယိုလေးတွေအပြင် ကြော်ငြာတွေနဲ့ ရုပ်ရှင်တွေကိုပါ လက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။ တောသူမလေးဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြောတတ်တဲ့ ဖြူဖြူထွေးဟာ ရိုးရှင်းတဲ့စိတ်ထားလေးတွေကိုပါ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမရဲ့ ဟာသဗီဒီယိုလေးတွေဟာ ပရိသတ်တွေအတွက် အပျော်တွေကို ဖန်တီးပေးလေ့ရှိတဲ့ ဗီဒီယိုလေးတွေလည်းဖြစ်ပါတယ်။
မကြာသေးခင်က ဟိန်းမင်းသူအကောင့်အဟက်ခံခဲ့ရတဲ့အချိန်မှာ ဖြူဖြူထွေးနဲ့ ချက်ထားတဲ့ ချက်လစ်တွေဟာလည်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့အပြင် ဖြူဖြူထွေးတစ်ယောက်လည်း ဟက်ကာတွေရဲ့ ခြိမ်းခြောက်ခြင်းကိုခံခဲ့ရပါတယ်။ အင်တာဗျူးတွေမှာအရမ်းမရယ်ဖို့ ခြိမ်းခြောက်ခံရကြောင်း သူမကလည်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဖြူဖြူထွေးဟာ Tik Tok ဗီဒီယိုလေးတွေကို ဟိုးရှေးခေတ်က အသံလေးတွေနဲ့ တွဲဖက်ပြီး သရုပ်ဆောင်လေ့ရှိပါတယ်။
ယနေ့မှာလည်း ဖြူဖြူထွေးဟာ စမ်းချင်သလိုစမ်းမောင်ဘဂျမ်း ဇာတ်ဝင်ခန်းလေးနဲ့ တွဲဖက်သရုပ်ဆောင်ထားပြန်ပါတယ်။ သူမရဲ့ ဘော်လီဆိုဒ်တွေကို အကုန်သိနေတာကြောင့် အံ့သြမှင်သက်မိတဲ့ပုံစံလေးနဲ့သရုပ်ဆောင်ထားတဲ့ ဖြူဖြူထွေးရဲ့ ရှက်စဖွယ်မျက်နှာလေးကို ပရိသတ်ကြီးကြည့်ရှုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele
ဖြူဖြူထွေးရဲ့ မောင်ဘဂျမ်း
Video Source-Phyu Phyu Htwe