• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

ဘာသာခြားဇနီးမောင်နှံဖြစ်ပေမယ့် ဘာသာရေးနဲ့ပတ်သက်လို့ တခါမှ စကားမများဖူးဘူးဆိုတဲ့ ရေဗက္ကာဝင်း

We Love Cele by We Love Cele
October 19, 2018
in အနုပညာ
0

တချိန်တုန်းက ပရိသတ်တွေကြား နာမည်ကြီးအောင်မြင်ခဲ့တဲ့ အဆိုတော် ရေဗက္ကာဝင်းဟာ ယခုအချိန်မှာတော့ သာယာပျော်ရွှင်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သူမသီဆိုခဲ့တဲ့ သီချင်းပေါင်းမြောက်မြားစွာဟာ တချိန်တုန်းက ပရိသတ်တွေကြား ရေပန်းစား အောင်မြင်ခဲ့တဲ့သီချင်းတွေကြီးပဲဖြစ်ပါတယ်။

အောင်မြင်မှုကို အတိုင်းအတာ တစ်ခုထိ ရယူနိုင်ခဲ့တဲ့ တိုင်းရင်းသူအဆိုတော်လေးတစ်ဦးဖြစ်ပါတယ်။ သီချင်း အခွေများစွာ ၊ သီချင်းပေါင်းမြောက်မြားစွာကို သီဆိုခဲ့တဲ့ ရေဗက္ကာဝင်းဟာ ယခုအချိန်မှာတော့ ခင်ပွန်းသည်ဖြစ်သူ နဲ့အတူ ပျော်ရွှင်စရာ အိမ်ထောင်ရေးတစ်ခုကို ရရှိထားပါပြီ။ သူမနဲ့ ခင်ပွန်းသည်ဖြစ်သူတို့ဟာစိတ်တူ ကိုယ်တူတွေဖြစ်ကြတဲ့အပြင် တိရိစ္ဆာန်လေးတွေကို ချစ်မြတ်နိုးကြသူတွေလည်းဖြစ်ပါတယ်။ သူမတို့အိမ်လေးမှာတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေများစွာ မွေးမြူထားပြီး အခန်းတစ်ခန်းတည်းမှာ သီးသန့်ထားရှိထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် နှစ်ယောက်စလုံးက အပေါင်းအသင်း၊ မိသားစု အရမ်း ခင်တယ်တဲ့အတွက်ကြောင့်မို့ အိမ်ကို ဧည့်သည်လာတာ ကြိုက်တော့ သူငယ်ချင်းတွေလာရင် အတူတူ စားသောက်နိုင်အောင် စားပွဲတွေအများကြီးကိုလည်း ခင်းကျင်းထားတာဖြစ်ပါတယ်။

ခင်ပွန်းသည်ဖြစ်သူနဲ့ ဘာသာမတူပေမယ့် ဘာသာရေးနဲ့ပတ်သက်ပြီး တခါမှ စကားမများခဲ့ဖူးတဲ့အကြောင်းရေဗက္ကာဝင်းက ဆိုပါတယ်။ “ခင်ပွန်းက ကိုယ့်ကို ဦးစားပေးတယ်။ အမတို့က ဘာသာမတူပေမယ့် တခါမှ ဘာသာရေးနဲ့ပတ်သက်လို့ ငြင်းခုန်ရတာမျိုးတောင်မရှိခဲ့ဖူးပါဘူး။ သူက ဗုဒ္ဓဘာသာဖြစ်လို့ ဘာသာခြား ဇနီးမောင်နှံဖြစ်ပေမယ့် ဘာသာရေးနဲ့ ပတ်သက်ပြီး တစ်ခါမှ စကားမများဖူးဘူး။” လို့ MC ရဲ့ Open Door program မှာ ခင်ပွန်းသည်ဖြစ်သူကိုးကွယ်တဲ့ ဘုရားစင်လေးကို လိုက်ပြပြီး ပြောပြခဲ့တာဖြစ်ပါတယ်။ ရေဗက္ကာဝင်းနဲ့ ကိုကောင်းကျော်ဆွေတို့ရဲ့ အိမ်ထောင်ရေး ဒီထက်မက ပိုပြီးပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။We Love Cele

Source-MC အင်တာဗျူးမှကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Photos-Kaung Kyaw Swe Facebook

Previous Post

အင်းလေးရဲ့ အလှတရားတွေနဲ့ ပေါင်းစပ်ထားတဲ့ ချစ်သုဝေတို့မိသားစုရဲ့ သဘာဝပုံရိပ်များ

Next Post

အကောင့်ဟက်ခံရပြီး ချစ်သူနဲ့ ကြည်နူးစရာပုံတွေ ချပြမယ်လို့ ခြိမ်းခြောက်ခံနေရတဲ့ အောင်သူ

Next Post

အကောင့်ဟက်ခံရပြီး ချစ်သူနဲ့ ကြည်နူးစရာပုံတွေ ချပြမယ်လို့ ခြိမ်းခြောက်ခံနေရတဲ့ အောင်သူ

သမီး ၃ ယောက်နဲ့ ပျော်ရွှင်တဲ့မိသားစုဘဝကို တည်ဆောက်ထားပုံလေးပြောပြလာတဲ့ အာဘွိုင်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!