အဆိုတော် အာဘွိုင်းနဲ့ မြတ်ရတနာကျော် တို့ဟာ ယခုဆိုရင်တော့ သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတွေဖြစ်ကြပါတယ်။ သမီးလေး Scarlett Phyo Tun ဟာ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့သမီးဦးလေးလည်းဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေအမျိုးမျိုးရှိနေတဲ့အပေါ်မှာလည်း အာဘွိုင်းက ဘဝကို ကောမန့်တွေနဲ့ တည်ဆောက်ထားတာမဟုတ်ပါဘူးလို့ ဆိုထားပါတယ်။
အဆိုတော် အာဘွိုင်းဟာ အများထင်နေသလို သမီးတွေနဲ့စကားမပြောပဲ နေတာမဟုတ်ဘူးလို့လည်းဆိုပါသေးတယ်။ သမီးကြီးလေးဟာ လက်ရှိမှာ အာဘွိုင်းတို့နဲ့အတူ နေထိုင်ပြီး ဇနီးဖြစ်သူ မြတ်ရတနာကျော် နဲ့လည်း အရမ်းတည့်တယ်လို့ ပြောပြလာပါတယ်။ ” ကျွန်တော်နဲ့ ကျွန်တော့်သမီးကြီးက အတူနေတယ်။ သူနဲ့ ကျွန်တော့်သမီးအကြီးဆိုလဲ အရမ်းတည့်တယ်။ အလတ်ပဲ ဟိုဘက်အိမ်မှာနေတာပေါ့နော်။ ဒါပေမယ့် အလတ်လည်း အိမ်မှာနေရင် သူနဲ့စကားပြောနေတာပဲ။ အေးဆေးပဲ။ ဘာမှမဖြစ်ဘူး။ စကားများတာလဲမရှိဘူး။ ပျော်ပျော်ရွှင်ရွှင်ပဲနေကြတယ်” လို့ မိသားစုနေထိုင်မှု ဘဝပုံစံလေးကိုပြောပြပါတယ်။
အာဘွိုင်းဟာ သမီးရှင်တွေဖြစ်တဲ့အတွက် သမီးတွေ ဖြစ်ချင်တာမှန်သမျှကို နောက်ကနေ Supporting ပေးသွားမယ်လို့ဆိုပါတယ်။ အာဘွိုင်းကတော့ သမီးအလတ်လေးနဲ့အတူ မနေရတဲ့အတွက် ပိုပြီးအချိန်ပေးချင်တယ်လို့ ယခုလိုပြောပါတယ်။ ” ကျတော့်ကိုယ်ကျတော်အားမရတာက အလတ်ကို အလတ်က ကျတော်နဲ့မနေတော့ သိပ်မတွေ့ဖြစ်ဘူး အကြီးကတော့ ကျတော်အိမ်ပြန်ရောက်ရင်တွေ့တယ် ပြီးတော့သူကလည်း ၁၁ နှစ်ကျော်ပြီဆိုတော့ အရမ်းကိုသိတဲ့အရွယ်ဖြစ်သွားပြီ သူနဲ့ကတော့ တွေ့ဖြစ်တယ် အငယ်ဆုံးလေးကတော့ မအိပ်ခင်အချိန်ထိကို သူ့နား သွားသွားပြီး ကလိနေတာ။ အဓိကကတော့ ကလေးတွေကို အတတ်နိုင်ဆုံးအချိန်ပေးနေတယ် အိမ်ပြန်ရောက်တာနဲ့ အလုပ်ကိစ္စပြီးတာနဲ့ မေ့ထားတယ် သူတို့နဲ့ပေနေပေးတယ် ဒါပေမယ့် အလတ်ကိုတော့ ဒီထက်ပိုပြီးအချိန်ပေးဖို့ လုပ်နေတယ် ကျတော်သူ့ကို စိတ်ထဲမှာတခုခုမဖြစ်စေချင်ဘူး။ ဘာလို့လဲဆိုတော့ ကျတော်သုံးယောက်လုံးကို ချစ်တယ်။” လို့ သမီး အလတ်လေးကို စိတ်ပူနေတာနဲ့ပတ်သက်ပြီး ပြောပြလာပါတယ်။We Love Cele
မှတ်ချက်-ပေါ်ပြူလာဂျာနယ်အင်တာဗျူးမှဖြေကြားချက်များကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။