• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

လေယာဉ်ကွင်းမှာ မရှက်မကြောက် အများနဲ့မတူအောင် Falling Star Challenge လုပ်ပြခဲ့တဲ့ဖြူဖြူထွေး

We Love Cele by We Love Cele
October 20, 2018
in အနုပညာ
0

ချစ်စရာကောင်းတဲ့ ကောင်မလေးဖြစ်တဲ့ ဖြူဖြူထွေးကို ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ တက္ကသိုလ်ကျောင်းကပွဲကနေတဆင့် လူမှုကွန်ယက်မှာ နာမည်ကြီးလာခဲ့တဲ့ ဖြူဖြူထွေးဟာ အခုဆို တီဗီကြော်ငြာတွေ သီချင်း MTV တွေမှာလဲ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်ပါတယ်။ ဟန်ဆောင်မှုမရှိ ပကာသနမရှိတဲ့ အရိုးခံလေးမို့လို့ ပရိသတ်တွေက သူမကို ချစ်ခင်အားပေးကြပါတယ်။ ဖြူဖြူထွေးကလဲ သူမတတ်နိုင်သလောက်လေး ပရိသတ်တွေ အမြဲပျော်ရွှင်ရအောင် ပြုလုပ်ပေးတတ်သူတစ်ဦးပါ။

ဖြူဖြူထွေးဟာ နယ်ကနေ ရန်ကုန်ကို တက္ကသိုလ်လာတက်တဲ့ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ ဖြူဖြူထွေးဟာ ကျောင်းတစ်ဖက်နဲ့ သူမချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။

ပရိသတ်တွေကို အမြဲပျော်ရွှင်ရအောင်လုပ်ပေးတဲ့ ဖြူဖြူထွေးဟာ ဒီတစ်ခါမှာလဲ ထူးထူးဆန်းဆန်းလုပ်ပြလိုက်ပြန်ပါပြီ။

ဖြူဖြူထွေးက မြစ်ကြီးနားကို သွားခါနီး လေဆိပ်မှာ Falling Star Challenge ကိုလုပ်ပြခဲ့တာပဲဖြစ်ပါတယ်။ Falling Star Challenge ဆိုတာက နာမည်ကြီး ဆယ်လီဘရယ်တီတွေက သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကြားမှာ လဲကျနေတဲ့ပုံစံနဲ့ ဓာတ်ပုံရိုက်ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဖြူဖြူထွေးရဲ့ Falling Star Challenge ကတော့ သူများနဲ့ တူသလိုလို မတူသလိုလိုနဲ့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

ဖြူဖြူထွေးရဲ့ သူများထက်ဆန်းတဲ့ Falling Star Challenge

ဖြူဖြူထွေးကတော့ လုပ်လိုက်ရင်အဆန်းကြီးပဲနော်။ တကယ်လဲ ပရိသတ်တွေက သဘောတွေကျနေရမှာပဲ။ ဖြူဖြူထွေးကို ချစ်ကြတဲ့ ပရိသတ်တွေလဲ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။

Credit-Momolay

Previous Post

တစ်သားမွေး၊ တစ်သွေးလှလာတဲ့ ခေးမေ ယွန်းလေးရဲ့ အလှကို ချီးကျူးလိုက်တဲ့ ဝတ်မှုန်ရွှေရည်

Next Post

လက်စွပ်လေး နှစ်ကွင်းနဲ့ ပရိသတ်တွေကို အသိပေးလိုက်တဲ့ မြတ်သူသူဇင်တို့စုံတွဲ

Next Post

လက်စွပ်လေး နှစ်ကွင်းနဲ့ ပရိသတ်တွေကို အသိပေးလိုက်တဲ့ မြတ်သူသူဇင်တို့စုံတွဲ

အိမ်လည်လာတဲ့ လူတစ်ယောက်က နမ်းလိုက်တာကြောင့် ၈ ရက်သားမှာ ဆုံးသွားတဲ့ ကလေးငယ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!