• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

ယွန်းလေးရဲ့ ၂၀ နှစ်ပြည့်မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ယွန်းနဒီလွင်မိုးနဲ့ မိခင် မေသူ

We Love Cele by We Love Cele
October 21, 2018
in အနုပညာ
0

ပရိသတ်တွေအရမ်းချစ်ကြတဲ့ ဝါရင့်သရုပ်ဆောင်ကြီး လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးကတော့ အခုဆိုရင် ချစ်ရသူနဲ့အတူ ပြီးပြည့်စုံတဲ့ အိမ်ထောင်မှုတစ်ခုကို တည်ထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ချစ်စရာ သားသားလေး Liam ကိုပါ ပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့မျက်စိအောက်မှာတင် အိမ်ထောင်ရှင်မတစ်ဦးဖြစ်သွားပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးလေးကတော့ ဒီနေ့ အောက်တိုဘာလ ၂၁ ရက်နေ့လေးမှာ အသက် ၂၀ တိတိပြည့်သွားခဲ့ပါပြီနော်။ အရမ်းကိုချစ်စရာကောင်းတဲ့ ခေးလေးယွန်းရဲ့ အသက် ၂၀ ပြည့်မွေးနေ့လေးအတွက်ကိုတော့ မေမေ မေသူနဲ့ ညီမလေး ယွန်းနဒီလွင်မိုးတို့က ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ ချစ်ပရိသတ်တွေအတွက် မေသူနဲ့ ယွန်းနဒီလွင်မိုးတို့ရဲ့ ချစ်စရာမွေးနေ့ဆုတောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အမဖြစ်သူကို အရမ်းချစ်တဲ့ ယွန်းနဒီလွင်မိုးလေး

ဖိုးဖိုး လွင်မိုးနဲ့ တူတဲ့ ဘေဘီ Liam လေးက တစ်တုံးတစ်ခဲကြီးနော်…

အရမ်းကိုချစ်ဖို့ကောင်းတဲ့ အမေတစ်ဦးဖြစ်တဲ့ မေသူကတော့ “Happy birthday Thamee Khay,Liam လေးမေမေ 😍စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး,စိတ်ကောင်းရှိသော, အများအကျိုး သယ်ပိုးဆောင်ရွက်နိုင်သော,ဘာသာ, သာသနာ အကျိုးသယ်ပိုး ဆောင်ရွက်နိုင်သော မိမိကိုယ်ကိုကောင်းစွာစောင့်ထိမ်းနိုင်သော သမီးလေးဖြစ်ပါစေ😍😘” ဆိုပြီး သမီးလေး ယွန်းဝတီလွင်မိုးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာပါ။

ယွန်းနဒီလွင်မိုးလေးကတော့ “Happy birthday sister. You’re finally 20 now and I’m so grateful for you and the joy that you have brought to this world that is liam. I’m so proud of everything you have achieved this year, how strong you’ve been through it all and how amazing of a mom you are to liam. I love you sis and I wish nothing but happiness for you.” ဆိုပြီး အမဖြစ်သူတို့ သားအမိရဲ့ပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုတောင်းပေးခဲ့တာပါ။

ယွန်းဝတီလွင်မိုးလေးကတော့ မကြာခင်မှာ သြစတေးလျကို ကျောင်းပြန်တက်တော့မယ်လို့လည်း သိရပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့ ကင်းကွာနေခဲ့တဲ့ ခေးလေးယွန်းကတော့ သားသားလေး Liam ကို မွေးဖွားပြီးနောက်ပိုင်းမှာ ကြော်ငြာတွေ ပြန်လည်ရိုက်ကူးနေတာ တွေ့ရပါတယ်။ တစ်သားမွေး တစ်သွေးလှဆိုတဲ့ စကားအတိုင်းပဲ ယွန်းဝတီလွင်မိုးတစ်ယောက် ပိုပိုပြီး အလှသွေးကြွယ်လာတာပါ။ ချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်စရာကောင်းတဲ့ ယွန်းဝတီလွင်မိုးလေးရဲ့ မွေးနေ့လေးအတွက် ဆုတောင်းစကားလေးတွေ ပြောသွားခဲ့ကြပါဦးနော်။

Credit-Momolay

Previous Post

ဖေဖော်ဝါရီလမှာ သြစတြေးလျကို ကျောင်းပြန်သွားတက်တော့မယ့် ယွန်းဝတီလွင်မိုး

Next Post

အမေစု ပြောတဲ့စကားနဲ့ ဘဝကို ရှေ့ဆက်ရှင်သန်နေတယ်ဆိုတဲ့ ဟိန်းမင်းသူ

Next Post

အမေစု ပြောတဲ့စကားနဲ့ ဘဝကို ရှေ့ဆက်ရှင်သန်နေတယ်ဆိုတဲ့ ဟိန်းမင်းသူ

အတွဲပုံတစ်ပုံကြောင့် ပရိသတ်တွေက ဂုဏ်ပြုပေးရတော့မလားလို့ မေးခံလိုက်ရတဲ့ အေးမြတ်သူ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!