အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ယခုအချိန်ထိ ရပ်တည်နေနိုင်တဲ့ အေးမြတ်သူကတော့ အနုပညာဝါရင့် မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ သူမ ရိုက်ကူးခဲ့တဲ့ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားပေါင်းမြောက်မြားစွာရှိခဲ့ပြီး ပီပြင်လွန်းလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် သဘာဝကျတဲ့ မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်။ အေးမြတ်သူဟာ ယခုအချိန်ထိလည်း ဇာတ်ကားတွေကို ရိုက်ကူးလျက်ရှိနေပါတယ်။
အေးမြတ်သူရဲ့ ထူးခြားတဲ့အချက်လေးကတော့ မြန်မာဆန်ဆန်လေးဝတ်ဆင်တာကို အမြဲတွေ့ရတာဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို မြတ်နိုးတတ်သူပီပီ ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း အမြဲတိုက်တွန်းနေသူတစ်ဦးပါ။ ပရဟိတအလုပ်တွေကိုလည်း အားသလို လုပ်ကိုင်လေ့ရှိပြီး တချိန်တုန်းက ခရီးတွေကိုယ်တိုင်ထွက်ကာ ဒုက္ခရောက်နေတဲ့ နေရာတွေမှာ သွားရောက် ကူညီခဲ့ပါတယ်။
သိပ်ချစ်ဖို့ကောင်းတဲ့ အေးမြတ်သူ
သူမဟာ ယခုအချိန်ထိ အပျိုကြီးဘဝနဲ့ အရိုးထုတ်နေတာဖြစ်ပြီး သူမမှာ ချစ်သူတစ်ယောက်ရှိကြောင်းကိုတော့ ဝန်ခံပြောဆိုထားပါတယ်။ ထိုချစ်သူကိုတော့ သူမအနေနဲ့ ချပြဦးမှာမဟုတ်သေးဘဲ အချိန်တန်ရင်တော့ အသိပေးသွားမယ်လို့ဆိုပါတယ်။ ယနေ့ သူမတင်လိုက်တဲ့ အတွဲပုံတစ်ပုံမှာပါတဲ့ စာသားတွေကလည်း သူမရဲ့ ပရိသတ်တွေကို ဝေဝါးစေခဲ့ပါတယ်။
မြန်မာဆန်ဆန်လေး နေတတ်တဲ့ သူမ
သူမက “မောနင်း… ချစ်တယ်လွမ်းတယ် …ဒီထက်ပိုပြီးဘာပြောရမှန်းမသိဘူး #အားလုံးအဆင်ပြေပါစေ #ပျော်ရွှင်ပါစေ” လို့ အတွဲပုံလေးနဲ့ တင်ပြီးပြောခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ ပါဝင်သူကတော့ သရုပ်ဆောင် ခါရာဖြစ်ပြီး သူမရဲ့ Cpation ကြောင့် ပရိသတ်တွေက အတွဲတွေလို့ ထင်နေခဲ့တာဖြစ်ပါတယ်။ တချို့ပရိသတ်တွေကတော့ သူမကို တကယ်လား? Congratulation လုပ်ပေးရတော့မလားလို့ အံ့သြစွာမေးမြန်းထားတာလေးတွေကိုလည်း တွေ့ရပါတယ်။We Love Cele
သူမ တင်ခဲ့တဲ့ Caption အလန်းစားလေး
Source-Myat Lay IG