လွန်ခဲ့တဲ့နှစ်တွေက ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်တဲ့ စမိုင်းလ်ကတော့ အခုဆိုရင် ချစ်ရတဲ့ ခင်ပွန်းရယ်၊ ချစ်သမီးလေး နှစ်ဦးရယ်နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ စမိုင်းလ်တို့မိသားစုလေးကတော့ လတ်တလောမှာ အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့ အလည်အပတ်ရောက်ရှိနေကြတာဖြစ်ပြီး သူတို့ရဲ့ခရီးသွားပုံရိပ်လေးကို လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာပါ။ ဘာလီမှာရှိတဲ့ ဟိန္ဓူတွေရဲ့အယူအရ အညစ်အကြေးတွေ မကောင်းတာတွေ သန့်စင်ပေးတဲ့ ရေကန်ကို ရောက်ခဲ့တဲ့ စမိုင်းလ်တို့မိသားစုလေးကတော့ ဆုတောင်းမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်တဲ့နော်။
“ရေထဲဆင်းဖို့ သူတို့ပေးတဲ့ အစအရင်ဝတ်ရတယ် ကိုယ်ကစတိုင်ထုတ်” ဆိုတဲ့ စမိုင်းလ်
ဆုတောင်းမှုပြုနေတဲ့ စမိုင်းလ်
စမိုင်းလ်ကတော့ “Holy water ဘာလီကဟိန္ဒ္ဓူတွေရဲ့အယူအရ အညစ်အကြေးတွေမကောင်းတာတွေသန့်စင်ပေးတဲ့ရေပေါ့. ကန်ထဲမှာငါးတွေပါရှိတော့ကြောက်ကြောက်နဲ့ဆုတောင်းရတာပေါ့” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာပါ။
သမီးငယ်လေးနဲ့ မေမေစမိုင်းလ်
ရေကန်ထဲမှာ ဆုတောင်းနေကြသူတွေကလည်း မနည်းပါဘူးနော်…
ရေကန်ထဲရောက် အမှတ်တရဓါတ်ဖမ်းခဲ့တဲ့ စမိုင်းတို့မိသားစု
သမီးကြီးလေးက ရေထဲမှာ ငါးကြီးတွေနဲ့မို့ ကြောက်နေတာ
အခက်အခဲတွေကြားက နှစ်ကိုယ်တူကြိုးစားပြီး ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားနိုင်တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အလှူအတန်းတွေလည်း မကြာခဏဆိုသလို ပြုလုပ်လေ့ရှိတဲ့ စိတ်ရင်းကောင်းသူတွေပဲ ဖြစ်ပါတယ်။ အပန်းဖြေခရီးထွက်ရတာကိုလည်း ဝါသနာပါတဲ့ သူတို့မိသားစုလေးကတော့ ခရီးထွက်နေရရင်ကိုပဲ အရမ်းကို ပျော်ရွှင်နေကြတာပါ။
Credit-Momolay