ဟိန်းဝေယံကတော့ တချိန်တုန်းက မြန်မာဗီဒီယိုလောကရဲ့မင်းသားတစ်လက်လို့ ဆိုရလောက်အောင် ဗီဒီယိုဇာတ်ကားပေါင်းမြောက်မြားစွာကို ရိုက်ကူးခဲ့ရသူတစ်ဦးပါ။ လူပျိုကြီးဘဝနဲ့ ခံယူနေပြီး အချစ်ရေးနဲ့ပတ်သက်လာရင်လည်း ပရိသတ်တွေကိုအသိပေးလေ့မရှိတဲ့ ဟိန်းဝေယံကတော့ မင်းသမီးတစ်ဦးနဲ့ ချစ်ကြိုက်နေကြတယ်လို့ သတင်းတွေလည်း ထွက်ရှိထားတာဖြစ်ပါတယ်။ ညီမဖြစ်သူ စွဲညို့ရှင်ကတော့
“ကိုယ့်အကိုကို ရှာပေးဖို့ထက် သူသဘောကျဖို့အရေးကြီးပါတယ်။ ကိုယ်ကရှာပေးပေမယ့်လည်း သူသဘောမကျရင် ညီမတို့ရှာပေးလည်း အလကားပဲလေ။ အဲတော့ သူသဘောကျ၊ သူနှစ်သက်ပြီး သူချစ်တဲ့လူဆိုရင် ပိုပြီးအဆင်ပြေတယ်ရှင့်”
အကိုဖြစ်သူ ဟိန်းဝေယံကို ဒီလိုမိန်းကလေးမျိုးနဲ့ ပဲ သဘောတူစေချင်ပါတယ်ဆိုတဲ့ စွဲညို့ရှင်က
“အကို့ကိုလည်းအရမ်းချစ်၊ အရမ်းဂရုစိုက်ပြီးတော့ အရာရာအားလုံးကိုလည်း ခွင့်လွှတ်နားလည်ပေးတဲ့လူဆိုရင်တော့ ညီမတစ်ယောက်အနေနဲ့ ပိုပြီးသဘောကျတာပေါ့နော်။”
လူမှုကွန်ယက်ပေါ်မှာလည်းဟိန်းဝေယံရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဆွေဂုဏ်မျိုးဂုဏ်က ဆင်းတက်လာတဲ့သူကိုပဲ ချွေးမအဖြစ်တော်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ညီမဖြစ်သူ စွဲညို့ရှင်ကတော့ အဲ့ဒီအဓိပ္ပါယ်ရဲ့ဆိုလိုရင်းကိုသေချာရှင်းပြခဲ့ပါတယ်။
“ဆွေဂုဏ်မျိုးဂုဏ်ဆိုတာထက် အဖေတို့ပြောချင်တဲ့သဘောက မိန်းကလေးက အကိုနဲ့အဆင်ပြေပြီးသွားပြီဆိုရင် အကို့ကိုသစ္စာရှိရှိ ၊ မိဘစကားနားထောင်တာ၊ လိမ္မာယဉ်ကျေးရှိတဲ့လူဆိုရင်တော့ ဒါကို ဘယ်လိုပဲဖြစ်နေဖြစ်နေ သဘောတူတယ်လို့ပြောချင်တာ။ ဆွေဂုဏ်မျိုးဂုဏ်ရှိမှတို့၊ ဟိုလိုဖြစ်မှတို့ အဲလိုမျိုးပြောချင်တာမဟုတ်ဘူးရှင့်။”
ဟိန်းဝေယံက မင်းသမီးတစ်ယောက်နဲ့ ကြိုက်နေတယ်ဆိုတဲ့အပေါ် ညီမဖြစ်သူကတော့ ယခုလိုမျိုးလေး ပြောပြလာပါတယ်။
“အဲဒါကတော့ ညီမ မသိဘူးရှင့်။ ဒါက သူ့အပိုင်းဖြစ်သွားပြီဆိုတော့ ညီမတစ်ယောက်အနေနဲ့ဆိုရင် အကိုတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ အရာအားလုံးကိုပေါ့ Personal ဖြစ်နေတဲ့အခါကျတော့ ဝင်ပြီးမှ သိပ်ပြီးမပြောဘူးရှင့်။ အကိုသဘောကျတဲ့သူ၊ ချစ်ခင်နှစ်သက်တဲ့သူဆိုရင် စဉ်းစားပေါ့ ဒါပေမယ့် နောက်ဆုံးခြုံငုံပြောရင် အကို အပူတွေမရှာပါနဲ့ လူပျိုကြီးပဲလုပ်ပါလို့ ” အကိုဖြစ်သူနဲ့ပတ်သက်ပြီး အပူတွေမရှာစေချင်တဲ့ ညီမရဲ့ စကားလေးကို ဖော်ပြပေးလိုက်ပါတယ်။We Love Cele
မှတ်ချက်-ဆယ်လီရပ်ကွက် အင်တာဗျူးဖြေကြားချက်မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။