• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Thursday, August 4, 2022
No Result
View All Result

မင်းသွေးရဲ့ နောက်ဆုံးဆန္ဒလေးကို ဖြည့်ဆည်းပေးလိုက်နိုင်ပြီဖြစ်တဲ့ သားညီ

We Love Cele by We Love Cele
October 22, 2018
in အနုပညာ
0

မင်းသွေးတစ်ယောက် မကွယ်လွန်ခင်မှာ ရုပ်ရှင်ကားတစ်ကားရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ထိုရုပ်ရှင်ကားကတော့ သတ်ကွင်းရုပ်ရှင်ပဲဖြစ်ပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ညမှာ ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင်မင်းသွေးအတွက် အနုပညာရှင်တွေက စိတ်မကောင်းဝမ်းနည်းလျက်ရှိခဲ့ကြပါတယ်။ ရုတ်တရက်ထွက်ခွာနှုတ်ဆက်သွားတာကြောင့် နှမြောတသပူဆွေးမှုတွေနဲ့အတူ မပြီးပြတ်သေးတဲ့ မင်းသွေးရဲ့ ဆန္ဒတွေလည်း ကျန်ရှိနေခဲ့ပါတယ်။

မင်းသွေးတစ်ယောက် သူကြိုးကြိုးစားစားနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ သတ်ကွင်းရုပ်ရှင်ကို မကွယ်လွန်ခင်အချိန်က ကြည့်ချင်နေခဲ့တာဖြစ်ပါတယ်။ သူမကြည့်လိုက်ရသေးတဲ့အချိန်မှာဘဲ လောကကြီးကနေထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ သတ်ကွင်းရုပ်ရှင်ကားအတွက် မင်းသွေးတစ်ယောက် ပြင်ဆင်မှုတွေနဲ့အတူ အကောင်းဆုံးသရုပ်ဆောင်ချက်တွေကို အကိုလိုခင်ရတဲ့ သားညီနဲ့အတူ တွဲဖက်ပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

သတ်ကွင်းရုပ်ရှင်ကားဟာ ရုံမတင်ရသေးပေမယ့် မင်းသွေးရဲ့ နောက်ဆုံးဆန္ဒအတွက် အနုပညာရှင်တွေ ပေါင်းပြီး တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ထိုတောင်းဆိုမှုကတော့ မင်းသွေးကြည့်ချင်နေတဲ့ သတ်ကွင်းရုပ်ရှင်ကားကို အမြန်ဆုံးရုံတင်ပေးဖို့ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒါရိုက်တာ သားညီက သတ်ကွင်းရုပ်ရှင်ကို 14.12.2018 မှာပြသတော့မှာဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။ သို့သော်လည်း သတ်ကွင်းရုပ်ရှင်ကို ကြည့်ချင်နေတဲ့ တစ်ဦးတည်းသော မင်းသွေးကတော့ ပြန်မလာနိုင်တော့ပါဘူး။ “လမ်းပြကြီးဆမ်( Min Thway ) ရေ ..သတ်ကွင်း က 14.12.2018 ရုံတင်ခွင့်ရပြီတဲ့ ခင်ဗျား ဘာလို့ ခဏလေးမစောင့်လိုက်တာလဲဗျာ …” လို့ သူငယ်ချင်းဖြစ်သူ မင်းသွေးအတွက် ဝမ်းနည်းဖွယ်ရာလေးကို သားညီက ရေးသားထားတာဖြစ်ပါတယ်။We Love Cele

Source-Thar Nyi

Previous Post

သူတို့ကို အနုပညာလောကထဲက ပျောက်ကွယ်စေချင်တဲ့ သူတွေကို ဆုတောင်းပေးလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

Next Post

ကြွေပြီးရင်း ကြွေဖြစ်နေရမယ့် နေခြည်ဦးရဲ့ ငပလီကမ်းခြေရောက် ပုံရိပ်များ

Next Post

ကြွေပြီးရင်း ကြွေဖြစ်နေရမယ့် နေခြည်ဦးရဲ့ ငပလီကမ်းခြေရောက် ပုံရိပ်များ

အပြင်မှာ ဝမ်းနည်းတာ၊ ဝမ်းသာတာ မဖော်ပြတတ်ဘူးဆိုတဲ့ နေတိုး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!